ကံပေါက် ဆန္ဒပြ အလုပ်သမား ကိစ္စ Total ပြန်ရှင်း

အလုပ်ရပ်နားခံရသဖြင့် Total ကုမ္ပဏီအား  ဆန္ဒပြမှု အပေါ်စိုးရိမ်ကြောင်း Total ကုမ္ပ္ပဏီ အထွေထွေ မန်နေဂျာ Xavier Preel က ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြန်လည် ရှင်းလင်းချက် ထုတ်ပြန်လိုက်သည်။   Total E & P Myanmar အနေနှင့် မြန်မာနိုင်ငံတွင်း...

မြန်မာ့ပထမဆုံး အာဆီယံအဆင့် စကိတ်ငွေဆု ထားဝယ်လူငယ်ဆွတ်ခူး

အာဆီယံအဆင့် စကိတ်ပြိုင်ပွဲ Freestyle စကိတ် အားကစားနည်းတွင် ထားဝယ်မြို့မှ အသက် ဆယ်နှစ်အရွယ် မောင်ဈာန်လွှမ်းထူးက Classic Slalom နှင့် Speed Slalom ကစားနည်း နှစ်မျိုးဖြင့် မြန်မာနိုင်ငံအတွက် ငွေတံဆိပ် နှစ်ခုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ သည်။ Freestyle...
Dawei Watch, Dawei News, Dawei News Media

အဂတိတိုင်စာ ၂၀ ကျော် တိုင်းအစိုးရထံ ပြန်လွှဲ

ယခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တိုင်းအစိုးရထံ ပြန်လွှဲသည့် တိုင်ကြားစာ ၂၅ စောင်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ အဂတိကော်မရှင်မှ ပြန်လွှဲသည့် တိုင်ကြားစာများအနက် အစိုးရက ထောက်ပံ့သည့် ကိုဗစ် ထောက်ပံ့ကြေး နှစ်သောင်းကျပ်မရသည့်ကိစ္စနှင့်...

အမျိုးသားနှစ်ဦး သုံးနာရီအတွင်း အဆိပ်သောက် သေကြောင်းကြံ

ထားဝယ်ခရိုင်အတွင်း အက်ဆစ်နှင့် မြက်သတ်ဆေးသောက်ကာ သေကြောင်းကြံစည်မှု ၂ ခု မေလ ၁ ရက်က အချိန် ၃ နာရီအတွင်း သီးခြားဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ် ကြာအင်းရွာတွင် ညီမဖြစ်သူနှင့် အတူနေသည့် အသက်၃၈ နှစ်အရွယ် စိတ်ဝေဒနာရှင်...

ငါးအိမ်သယ်သော်လည်း ဈေးကောက်ပေးရဟု သဘော့ဆိပ် ငါးဖမ်းသမားများပြော

မောင်းမကန်ကမ်းခြေအနီး ပင်လယ်ငါးဖမ်းဈေးကွက် တည်ရှိရာ သဘော့ဆိပ်ကျေးရွာရှိ ပင်လယ်ကမ်းစပ်တွင် နေထိုင်သော ငါးဖမ်း သမားများသည် ဖမ်းဆီးရမိသော ငါးများကို နေအိမ်သို့ သယ်သွား သော်လည်း ဈေးကောက်ပေးနေရကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။ ဈေးကောက် ကန်ထရိုက်ဆွဲထားသူက ကမ်းခြေတစ်ခုလုံး ဈေး ကောက်ကောက်ရန် လေလံဆွဲထားသည်ဟု ဆိုသဖြင့်...

စစ်ကောင်စီကိုကြောက်၍ ထားဝယ်က ရွှေဆိုင်အများစု ဈေးမဖွင့်

အခေါက်ရွှေစျေး စံချိန်တင်မြင့်တက်နေမှုကို စစ်ကောင်စီက အာဏာဖြင့် ထိန်းချုပ်ကန့်သတ်ရန် လုပ်ဆောင်လာမှုကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစုက ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထားကြကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၂ သိန်းနီးပါးရှိလာချိန်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက...

ကျောက်မဲတောင်ရဲစခန်း ဒရုန်းဖြင့်ဗုံးချခံရ

နှစ်သစ်ကူးနေ့ ညနေပိုင်းက ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်ရဲစခန်း မောင်းသူမဲ့ဒရုန်းဖြင့် ဗုံးချခံရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ရွာသူ၊ ရွာသားအချို့က ပြောသည်။ ဗုံးသီးမှာ စခန်းထဲကိုမကျဘဲ ရဲစခန်းနှင့်ကပ်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်၏ နေအိမ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကျောက်မဲတောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မောင်းမကန်ရေပူစမ်းဧရိယာ အတွင်း နေအိမ် ၆ လုံး ပြောင်းရွှေ့ရန် တပ်မှညွှန်ကြား

ကုမ္ပဏီများက အဆင့်မြှင့်တင်ရန် ကမ်းလှမ်းထားသည့် မောင်းမကန် ရေပူစမ်းဧရိယာအတွင်း ကျရောက်နေ သည့် နေအိမ် ၆ လုံးကို ၆ လအတွင်း ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

လောင်းလုံး သဗျာရွာတွင် ဖမ်းခံရသူများပြန်လွတ်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဗျာကျေးရွာ အအေးဆိုင်တစ်ဆိုင်တွင် အဖမ်းခံခဲ့ရသည့် လူငယ်များအားလုံး ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်က သဗျာရွာ အအေးဆိုင်တစ်ဆိုင်တွင် ပြုလုပ်သည့် မွေးနေ့ပွဲသို့ သွားရောက်စဉ် ဆန္ဒပြရန် လူစုနေသည်ဟူသည့်...

ကံပေါက် နေ့လယ်သပိတ်

ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဇွန်လ ၁၈ ရက် နေ့လယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။