ကျောက်မဲတောင်ရဲစခန်း ဒရုန်းဖြင့်ဗုံးချခံရ

0
579

နှစ်သစ်ကူးနေ့ ညနေပိုင်းက ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်ရဲစခန်း မောင်းသူမဲ့ဒရုန်းဖြင့် ဗုံးချခံရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ရွာသူ၊ ရွာသားအချို့က ပြောသည်။

ဗုံးသီးမှာ စခန်းထဲကိုမကျဘဲ ရဲစခန်းနှင့်ကပ်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်၏ နေအိမ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကျောက်မဲတောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လူထိခိုက်မှု မရှိဘူးလို့တော့ကြားတာပဲ” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ဒရုန်းကို စစ်ကောင်စီတပ်သားများက ပစ်ချခဲ့သော်လည်း ထိမှန်ခြင်းမရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တကယ်သွားရောက်တိုက်ခိုက်တဲ့အဆင့်မဟုတ်သေးဘူး။ စမ်းသပ်ပစ်ချခဲ့တာလို့တော့ကြားရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါဗုံးချတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။