Grade-11 သင်ရိုးဟောင်း ဘာသာတွဲပြောင်းလဲခွင့်ကို တစ်ကြိမ်သာခွင့်ပြုမည်

Grade-11 (ဒသမတန်း) သင်ရိုးဟောင်း ဘာသာတွဲပြောင်းလဲခွင့်ကို တစ်ကြိမ်သာ ပြောင်းလဲဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက တိုင်းပညာရေးမှူးရုံးသို့ ဇူလိုင်လ ၂၄ ရက်နေ့က အကြောင်းစာပေးပို့ထားသည်။ ဒသမတန်းသင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ပင်ရင်းဘာသာရပ် သုံးခုနှင့် စိတ်ကြိုက်ဘာသာရပ် သုံးခုပါဝင်သော ဘာသာတွဲရှစ်တွဲဖြင့်...

မွေးမြူရေးတိရစ္ဆာန်များအတွက် သဘာဝဘေးကြိုတင်ကာကွယ်ရေး သတိပေး

မိုးရာသီတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ မွေးမြူရေး တိရစ္ဆာန်များအတွက် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် ကြိုတင်ကာကွယ်ကြရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ကြေညာထားသည်။

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအတွက် ကိုဗစ်ချေးငွေလျှောက်လွှာ အသေးစားငွေချေးလုပ်ငန်းများတွင် ရယူနိုင်

ကိုဗစ်ကာလအတွင်း ထိခိုက်မှုရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကျပ်သိန်း ၁၀ဝ အထိချေးနိုင် အစီအစဉ်အတွက် လျှောက်လွှာများကို အသေးစားငွေရေးကြေးရေး(အသေးစား ငွေချေး)လုပ်ငန်းများတွင် ရယူနိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်မှုရှိသည့်...

မြေကွက်ရိုက်ရောင်းရာတွင် ပါဝင်က ကျောသားရင်သားမခွဲဘဲ အရေးယူမည်ဟု ဝန်ကြီးချုပ် ထပ်ပြော

အခြားနည်းအသုံးပြုခွင့်မကျဘဲ လယ်ယာမြေပေါ်အကွက်ရိုက်ရောင်းချရာတွင် ပါဝင်ပတ်သက်သူများကို ကျောသားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်က ထပ်မံ ပြောဆိုခဲ့သည်။ ထိုသို့ အကွက်ရိုက်ရောင်းချရာတွင် ပါဝင်ပတ်သက်သူမည်သူ့ကိုမဆို လယ်ယာ မြေဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

အများသုံးလှည်းလမ်းပိတ်သူကို အမှုဖွင့်

ထားဝယ် အထူးစီးပွားရေးဇုန်နယ်မြေတွင် ဒေသခံများ အသုံးပြုနေသည့် လှည်းလမ်းပိတ်ထားသူကို အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရေဖြူမြိ့နယ်ရှိ ထိန်ကြီးကျေးရွာတွင် ယခင်ခေတ်အဆက်ဆက်မှ အများပြည်သူဖြတ်သန်းသွားလာနေသည့် လှည်းလမ်းကို ယင်းရွာအနီးရှိကျေးရွာတွင် နေထိုင်သည့် လင်မယားနှစ်ဦးက ပြီးခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ...

ထားဝယ်လျှပ်စစ်ယူနစ်ဈေး ဒေါ်လာဈေးအပေါ် အခြေခံကောက်မည်

ထားဝယ်ခရိုင်အတွင်း သုံးစွဲနေသည့် လျှပ်စစ်ယူနစ်ဈေးနှုန်းကို ဒေါ်လာဈေး အတက်အကျအပေါ်တွင် အခြေခံပြီး တွက်ချက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ပြောကြားသည်။ လက်ရှိ ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro & Trans ကုမ္ပဏီက တစ်ယူနစ်လျှင်...

ဘုရားကြီးဝင်းအတွင်း ရေတံခွန်ငယ်နှင့် ကြာကန် သုံးလအပြီး ဆောက်မည်

ထားဝယ်မြို့ရှိ ဘုရားကြီးဝင်းအတွင်း ရေတံခွန်ပုံစံငယ်နှင့် ကြာကန်ကို အချိန်သုံးလအတွင်း အပြီးတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။ ဘုရားကြီးဝင်းအတွင်းရှိ နဂါးရုံဘုရားအနီး(မဟာဥယျာဉ်တော်အတွင်း) တွင် ယခုလ အလယ်ပိုင်းတွင် ပညာရှင်ဖြင့် စတင်တည်ဆောက်ခဲ့ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ ဦးထွန်းကြည်က ဆိုသည်။

ဟိန္ဒားရွာ ရေလှောင်တမံ လည်ပတ်ခွင့်ပိတ်

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာ ရေလှောင်တမံ(ရေကန်တောင်) လာရောက် လည်ပတ်ခွင့်ကို ဇူလိုင်လ ၁၇ ရက်ကစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျိုးဇက်က ပြောသည်။ ဟိန္ဒားရွာသားများ သောက်သုံးရေအဖြစ် အသုံးပြုနေသော အဆိုပါ ရေလှောင်တမံသို့ နေ့စဉ်လာရောက်လည်...

ချဲဒိုင်၊ ဘောလုံးပွဲဒိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူး သတင်းပေးရန်တာဝန်ရှိဟု

မိမိရပ်ရွာအတွင်း ချဲဒိုင်၊ ဘောလုံးပွဲဒိုင်များရှိနေပါက ပြည်သူများသတင်း ပေးကြရန်နှင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကလည်း ရဲတပ်ဖွဲ့ထံ သတင်းပေးရန် တာဝန်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြား သည်။ လောင်းကစားဒိုင်နှင့် ပတ်သက်၍ ပြည်သူများ သတင်းပေးလာပါက...

ထီးခီးတွင် မိုင်းဟောင်းပေါက်ကွဲပြီး တစ်ဦးသေဆုံး

ထိုင်းနယ်စပ်အနီးရှိ ထီးခီးဒေသတွင် မိုင်းဟောင်းတစ်လုံးပေါက်ကွဲသဖြင့် ငှက်ပစ်ထွက်သူတစ်ဦး သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ထီးခီးဒေသတွင် ကျပန်းအလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၃ ဦးက ဇူလိုင်လ ၂၂ ရက် ညတွင် မယ့်သမီးခီးချောင်းဖျားသို့ ငှက်ပစ်ထွက်ခဲ့ကြောင်း...