လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအတွက် ကိုဗစ်ချေးငွေလျှောက်လွှာ အသေးစားငွေချေးလုပ်ငန်းများတွင် ရယူနိုင်

0
882

ကိုဗစ်ကာလအတွင်း ထိခိုက်မှုရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကျပ်သိန်း ၁၀ဝ အထိချေးနိုင် အစီအစဉ်အတွက် လျှောက်လွှာများကို အသေးစားငွေရေးကြေးရေး(အသေးစား ငွေချေး)လုပ်ငန်းများတွင် ရယူနိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်မှုရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များက ချေးငွေ ၃၅ သိန်းမှ ကျပ်သိန်း ၁၀ဝ အထိ ချေးယူနိုင်မည်ဖြစ်သည်။

ငွေထုတ်ချေးရာတွင် အတိုးနှုန်း ၂ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ချေးငွေ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။ ချေးငွေဆိုင်းငံ့ကာလမှာ သုံးလဖြစ်ပြီး ကျန်သည့် ကိုးလတွင် သုံးလတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

ငွေထုတ်ချေးရာတွင် မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀ ရှိသည့် ဆိုင်ငယ်များကို အများဆုံး ကျပ် ၃၅ သိန်း၊ မတည် ငွေ ကျပ်သိန်း ၅၀ မှ ၁၀ဝ ကြားရှိသည့် ဆိုင်ငယ်များကို ကျပ်သိန်း ၇၀ နှင့် မတည်ငွေ ကျပ်သိန်း ၁၀ဝ နှင့် ၁၅၀ ကြား ရှိ ဆိုင်ငယ်များကို ကျပ်သိန်း ၁၀ဝ ထုတ်ချေးမည်ဖြစ်ကြောင်း အထက်ပါ ထုတ်ပြန်ချက်အရ သိရသည်။

ချေးငွေ လျှောက်ထားမည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များက အချက်ကိုးချက် ပြည့်စုံရမည်ဖြစ်ကြောင်း အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ချက်အရ သိရသည်။