မွေးမြူရေးတိရစ္ဆာန်များအတွက် သဘာဝဘေးကြိုတင်ကာကွယ်ရေး သတိပေး

0
354

မိုးရာသီတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ မွေးမြူရေး တိရစ္ဆာန်များအတွက် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် ကြိုတင်ကာကွယ်ကြရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ကြေညာထားသည်။

တိရစ္ဆာန်များအတွက် အစာနှင့် သောက်သုံးရေများ ကြိုတင်စုဆောင်းထားရန်နှင့် မိုးလေဝသတိပေးချက်များကို ဂရုပြုနားထောင်၊ ဖတ်ရှုကြရန် အသိပေးထားသည်။

ယင်းအပြင် ရေကြီးရေလျှံဖြစ်ပေါ် လေ့ရှိသော ဒေသများ၌ ရေဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန်နှင့် အခြားသဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန် တိရစ္ဆာန်များကို အကာအကွယ်ရှိသောခြံများတွင် စနစ်တကျမွေးမြူရန် ထုတ်ပြန်ချက်က တိုက်တွန်းထားသည်။

ရေဘေးအန္တရာယ်ကျရောက်ပြီး ရေပြန်ကျချိန်တွင် ကူးစက်ရောဂါများ ဖြစ်ပွားတတ်သဖြင့် တိရစ္ဆာန်ရောဂါကာ ကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန်နှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာမွေးမြူ ရေးဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မိုးမြင့်