ဘုရားကြီးဝင်းအတွင်း ရေတံခွန်ငယ်နှင့် ကြာကန် သုံးလအပြီး ဆောက်မည်

0
440

ထားဝယ်မြို့ရှိ ဘုရားကြီးဝင်းအတွင်း ရေတံခွန်ပုံစံငယ်နှင့် ကြာကန်ကို အချိန်သုံးလအတွင်း အပြီးတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားကြီးဝင်းအတွင်းရှိ နဂါးရုံဘုရားအနီး(မဟာဥယျာဉ်တော်အတွင်း) တွင် ယခုလ အလယ်ပိုင်းတွင် ပညာရှင်ဖြင့် စတင်တည်ဆောက်ခဲ့ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ ဦးထွန်းကြည်က ဆိုသည်။

အဆိုပါရေတံခွန်တွင် အပင်ငယ်များ စိုက်ထားမည်ဖြစ်ပြီး ကြာရေကန်တွင် ကြာငါးမျိုးကို ထည့်သွင်း စိုက်ပျိုးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဟိန္ဒားရွာ ရေလှောင်တမံ လည်ပတ်ခွင့်ပိတ်

“ကြာကန်လေးနဲ့ ရေတံခွန်လေးနဲ့ ဘုရားဖူးအများပြည်သူတွေ စိတ်လက်ချမ်းသာစေဖို့ပေါ့ကွယ်” ဟု ဦးထွန်းကြည်က ပြောသည်။

အဆိုပါရေတံခွန်ငယ်နှင့် ကြာရေကန်ကို ငွေကျပ် ၁၁၀ သိန်း အကုန်အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအတွက် ကုန်ကျငွေကို လှူဒါန်းလိုပါက လာရောက်လှူဒါန်းနိုင်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။