သရက်ချောင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

သရက်ချောင်းမြို့နယ် မော်ရှည်ကုန်းရပ်ကွက်နေသူ အမျိုးသားတစ်ဦး ယနေ့ (ဩဂုတ် ၉) မွန်းလွဲ ၁ နာရီခန့်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၆ နှစ်အရွယ် လားလား (ခေါ်) ဦးစိုးစိုးလေးမှာ ကဇိတံတားဦးကျေးရွာအနီးရှိ...

လောင်းလုံး ကဒက်ငယ်ထိန်ရွာသားတစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာသားတစ်ဦး ယနေ့ (ဩဂုတ် ၉) ညနေ ၄ နာရီဝန်ကျင်းက ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုမျိုးဆိုသူဖြစ်ပြီး ကဒက်ငယ်ထိန်ရွာနှင့်...

တနင်္သာရီတိုင်းတွင် ၁၇ လအတွင်း တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်မှု သုံးရာကျော်ဖြစ်ပွား

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု တစ်ရာကျော်ရှိပြီး ဗုံးခွဲ၊ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ရာကျော်ရှိလာကြောင်း Southern Monitor အဖွဲ့က ထုတ်ပြန်လိုက်သည်။ တိုင်းအတွင်း ပဋိပက္ခဖြစ်စဉ်များအား လေ့လာနေသည့် ယင်းအဖွဲ့က သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထားဝယ် DDPC ဈေးဝယ်စင်တာ မျက်နှာကျက်ပြုပြင်နေစဉ်ပြိုကျ

ထားဝယ်မြို့ ကမျောကင်း တံတားအနီးရှိ DDPC ဈေးဝယ်စင်တာ မျက်နှာကျက်ပြုပြင်နေစဉ် ပြိုကျပြီး လူထိခိုက်မှု မရှိကြောင်း ယင်းကုမ္ပဏီတွင် လုပ်ကိုင်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။ DDPC ဈေးဝယ်စင်တာ မျက်နှာကျက်မှ မိုးရေယိုစိမ့်နေသဖြင့် အမိုးအသစ်လဲလှယ်ရန် အလုပ်သမားအဖွဲ့က...

တကူကျေးရွာအုပ်စုအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုအတွင်းသို့ ယနေ့ ညနေပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ် ၇) ညနေ ၅ နာရီဝန်းကျင်က တကူကျေးရွာအုပ်စုရှိ ကော်တောရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်...

ထားဝယ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်နှစ်သောင်းစျေးတက်

ထားဝယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့ မှ ဩဂုတ်လ ၅ ရက်နေ့အထိ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းများကို နှိုင်းယှဉ်ချက်အရ ဆန်တစ်အိတ် ကျပ်နှစ်သောင်းအထိ ဈေးတက်သွားပြီး ကုန်ခြောက်အချို့လည်း စျေးတက်သည်ကိုတွေ့ရသည်။ ဇူလိုင် ၁၅ ရက်နေ့...

သရက်ချောင်းတွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး အသတ်ခံရ

သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာနှင့် ရေချိုချောင်းရွာတွင် ဩဂုတ်လ ၅ ရက်နေ့က အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကြာအင်းရွာနေသူ အသက် ၆၀ အရွယ် ဦးကျော်အောင်ကို ညနေ ၄...

သရက်ချောင်း၊ ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် ယနေ့ (ဩဂုတ် ၄) ညနေ ၄ နာရီခန့်တွင် ဦးကုလားဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါအမျိုးသားမှာ ကင်းရှေ့ရွာရှိ ဥယျာဉ်ခြံတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု...

ထားဝယ်အရှေ့တောနယ်မှ စစ်ရှောင်ကလေးများအတွက် အစားအ‌စာနှင့် ဆေးဝါးများလိုအပ်နေ

စစ်ဘေးရှောင်နေရသည့် ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ မေတ္တာအလင်း မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာမှ ကလေးများအတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်နေကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ မေတ္တာအလင်းဂေဟာကို ယခင်က အရှေ့တောနယ် ဝကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့ပြီး ဧပြီလနောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ခမောင်းသွယ်တိုက်နယ် မြေးခံဘော်ရွာသို့ပြောင်းရွှေ့ဖွင့်လှစ်ကာ...

ပျောက်ဆုံးနေသည့် ပုဂေါဇွန်းရွာသားငါးဦးအနက် သုံးဦး၏အလောင်းတွေ့

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်ဝင်ရောက်ပြီးနောက် ပျောက်ဆုံးနေသည့် ရွာသား ငါးဦးအနက် သတ်ဖြတ်မြှုပ်နှံခံထားရသူသုံးဦး၏ ရုပ်အလောင်းကို ယနေ့ (ဩဂုတ် ၂) တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင် ၃၁ ရက် ညနေပိုင်းက...