ထားဝယ်မြို့မှ အင်္ဂလိပ်တို့ သိမ်းယူသွားသော ရတနာစီခြယ် တော်ဝင်ရထား

၁၈၂၄ ခုနှစ်မှာ ထားဝယ်မြို့က သိမ်းယူရရှိတယ်ဆိုတဲ့ ရတနာစီခြယ် တော်ဝင်ရထားကြီးအကြောင်း ဆောင်းပါး ကို တနင်္သာရီ ဂျာနယ်မှာ ကျွန်တော် ရေး ခဲ့ဖူးပါတယ်။" ထားဝယ်မြို့မှာ တွေ့ရှိရတဲ့ ဘုရင့် နောင် ရထားကြီး"  ဆိုတဲ့ နာမည်နဲ့ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၃...

ရွှေကျောင်းကြီး

အမှန်တိုင်းဝန်ခံရရင် ထားဝယ်မြို့ က ရွှေကျောင်းကြီးဆိုတာကို ကျွန်တော် အရင်ကမရောက်ဖူးခဲ့ပါဘူး ။ မရောက်ဖူး ခဲ့ဘူးဆိုတာထက် အဲဒီကျောင်းကြီးရှိနေမှန်းကိုမသိခဲ့ဘူးလို့ပြောရင် ပိုမှန်ပါတယ်။ အခုနောက်ပိုင်း သစ်သားကျောင်း အိုကြီးရဲ့ပုံကို အင်တာနက်ပေါ်မှာစပြီးမြင် လိုက်ရတော့ ကိုယ့်ထားဝယ်မှာအဲလို ကျောင်းကြီးရှိနေပါသေးလား ဆိုတဲ့ အသိနဲ့ စိတ်ဝင်စားမှု ပိုခဲ့မိပါတယ်။ အဲဒီ နောက်သိပ်မကြာခင်မှာပဲ...

ထားဝယ်လုံချည်အကြောင်း သိသမျှ

၂၀၁၀ ခုနှစ်ဝန်းကျင် နေ့တစ်နေ့မှာ အဖေကသူ့ဗီရိုထဲမှာ အမြတ်တနိုးနဲ့ အသေချာသိမ်းထားတဲ့ ပုဆိုးတစ်ထည်ကို ထုတ်ပြပါတယ်။ ပုဆိုးက တော်တော် ဟောင်းနေပါပြီ။ ဟောင်းပေမယ့် သေ သေချာချာခေါက်ပြီး သိမ်းထားတာ ဆိုတော့အသစ်အတိုင်းကို ဖြစ်နေပါ တယ်။ အဆင်ကတော့ ကြူထရံ အကွက် ပုံစံရိုးရာအကွက် ဒီဇိုင်းအတိုင်း ပါပဲ။...

ပွါကညော – ဖ္လုံတို့ နှင့်အတူ

ပြာသိုလဆန်း ၁ ရက်ဖြစ်တဲ့ ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁၀ရက်နေ့ဟာ ကရင်နှစ်သစ်ကူးနေ့ ဖြစ်တယ်။ ကရင် ပြက္ခဒိန်အရ ၂၇၅၄ နှစ်ပြည့် ဖြစ်တယ်။ ကရင်တိုင်းရင်းသားပညာရှင်တို့ အဆို အရ ဒီ ၂၇၅၄ ခု ဆိုတာ ကရင်တိုင်းရင်း သားတွေ မြန်မာပြည်ထဲကို စတင်ဝင်...

ပူလယက္ခ နှင့် မိမ္မမြို့

သက္ကရာဇ် ၁၂၉၁ခုနှစ်(ခရစ်နှစ် ၁၉၂၉)မှာဆရာကြီးဦးကြီးစိန်က တနင်္သာရီတိုင်း မြိတ်ရာဇဝင်တော်ကြီး ဆိုတဲ့ စာအုပ်ကို ရေးခဲ့တယ်။ ဒီစာအုပ် ထဲ(စာမျက်နှာ ၁၃)မှာ ပရမရာဇာမင်း သားကို ပူလယက္ခမိထွေးတော် တိုင်းပြည် သို့ စေလွှတ်ခြင်း အကြောင်းဆိုပြီး ဖတ်ရ တယ်။ ဒီဇာတ်လမ်းက တနင်္သာရီမြို့ ဟောင်းနဲ့ ပတ်သက်တယ်။...

ရင်ဘတ်ပေါ်မှ နဂါးဒင်္ဂါး တံဆိပ်နှင့် စပ်လျဉ်း၍

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် က တနင်္သာရီတိုင်း ဒေသကြီး ယဉ်ကျေးမှု ပြတိုက် (ထားဝယ်) ဖွင့်ပွဲသို့ စာရေးသူ လည်း " တနင်္သာရီ မြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့် တင့်ရေး ကော်မတီ" ကိုယ်စားပြုတက်...

ထားဝယ်သူ ဆင်ဖြူမလေးနဲ့ ဆင်ဖြူမရှင် မိဖုရားကြီး

ဆင်ဖြူတော်ဆိုတာ ဘယ်လိုမျိုးလဲ လို့မေးလာခဲ့ရင်  ဆင်ခန္ဓာကိုယ်တစ်ခုလုံး ဖြူနေတဲ့ဆင်၊ မျက်မြင်အားဖြင့် အဖြူ ရောင် အဆင်းရှိတဲ့ဆင်ကို  ဆင်ဖြူတော် လို့ခေါ်တယ်လို့ပဲ ဖြေကြမှာပါ။ တကယ်တော့ အဲဒီအဖြေဟာ ဆင်ဖြူတော်ဆိုတဲ့ အဓိပ္ပာယ်ကို တိကျ အောင် မဖော်ဆောင် နိုင်သေးဘူးလို့ ဆိုပါတယ်။ တကယ်တော့ ဆင်ဖြူတော် ဆိုတာဟာ ခန္ဓာကိုယ်တစ်ခုလုံး...

သာဂရမြို့ဟောင်းကို ပြန်လည်တွေးကြည့်ခြင်း (၃)

ရှေးဟောင်းသုတေသနပညာမှာ Dating ဆိုတဲ့ ကာလသတ်မှတ်ခြင်းဟာ အခြေခံကျတဲ့ လုပ်ငန်းဖြစ်တယ်။ ဒီလို ကာလ သတ်မှတ်နိုင်မှလည်း အခြား ဒေသဆိုင်ရာ၊ နိုင်ငံဆိုင်ရာရှေးယဉ်ကျေး မှုတွေနဲ့ နှိုင်းယှဉ်နိုင်မယ်။ ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်မှု အဆင့် တွေကို သတ်မှတ်နိုင်မယ်။ ပြီးတော့ သမိုင်းဆိုင်ရာသီအိုရီတွေ ဖော်ထုတ်နိုင် မယ်။ ဒါပေမယ့်...

ထားဝယ် ပုဆိုးတစ်ထည်ရဲ့ ရာဇဝင်

ကျွန်တော်ငယ်ငယ်က ထားဝယ် ဒေသ ရိုးရာအခေါ်အဝေါ်တစ်ခုနဲ့ ပက်သက်လိုအဖေအမေတို့ ရယ်စရာ အဖြစ် အမြဲပြောနေတတ်တဲ့ အကြောင်း အရာလေးတစ်ခု ရှိပါတယ်။ အဲဒါက အရင်အနှစ် ၆၀ လောက်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခုပါ။ အဖိုးဖြစ်သူက ရေချိုးနေရင်း သူ့မြေးကို " ဟဲ့ ဖစု.. အိမ်ပေါ်မှာ...

သာဂရမြို့ဟောင်းကို ပြန်လည်တွေးကြည့်ခြင်း (၂)

အရင်ဆောင်းပါးက ပြောခဲ့သလိုပဲ မှတ်တမ်းတွေအရ သာဂရမြို့ကို သမန္တ မင်းက သက္ကရာဇ် ၁၁၃ခု (ခရစ်နှစ် ၇၅၁ခု)၊ ဗညားဦးက သက္ကရာဇ် ၃၅၇ ခု (ခရစ်နှစ် ၉၉၅ခု)၊ ဗြသပိုက်မင်းက သက္ကရာဇ် ၉၂၄ခု ( ခရစ်နှစ် ၁၅၆၂ခု)ဆိုပြီး တွေ့ရပါတယ်။ ဒီမင်းတွေရဲ့...