အဖြေလေးတော့ ပြန်ပေးသင့် ပါသည်
မသီတာထံမှ ဓာတ်ခွဲနမူနာ ယူသွားသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သည်။ သို့သော် သူ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ၊ မရှိ မည်သူမျှလာရောက် အကြောင်းကြားခြင်း မရှိပေ။ သူမတွင် ထိုရောဂါပိုးကူးစက်ခံထားရခြင်း ရှိ/မရှိသိရှိရန် ပါးစပ်၊ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာကို ဧပြီလ...
ကွင်းထဲမှ ကျူအခက်အခဲ
တစ်ရွာနှင့်တစ်ရွာ အခက်အခဲကား မတူကြပါ။ ကျူခြင်းဟု လူအများအလွယ်ခေါ်လာကြသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် တစ်ရွာနှင့်တစ်ရွာ မတူညီသော အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရသည်။ ကျောင်းအဆောက်အအုံ တစ်ခုသာရှိသော မူလတန်းအဆင့်ကျောင်းသာရှိသော ကျေးရွာများတွင် အမျိုးသား၊ အမျိုးသမီးများကို တစ်ဆောင်တည်းတွင်ထားရှိနေရခြင်း၊ စောင့်ကြည့်ခံနေရသူများသည်...
သုံးစွဲရန်မသင့်သော ဆေးထိုးအပ်
သုံးစွဲရန်မသင့်သော ဆေးထိုးအပ်တစ်မျိုးကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက(FDA) ဧပြီလ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။ IV Cannula အမည်ရှိ ဆေးထိုးအပ်ကို အိန္ဒိယနိုင်ငံမှ Bio-Med Healthcare ကုမ္ပဏီက ထုတ်လုပ်သည်။
ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း တစ်လ ထပ်ရွှေ့
လူစုလူဝေး မဖြစ်စေရန်အတွက် ကလေးများကို ထိုးနှံပေးနေသည့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို နောက်တစ်လထပ်ရွှေ့ဆိုင်းလိုက်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအဖွဲ့ထံမှသိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အလေးပေးဆောင်ရွက်ရန်အတွက် ဧပြီလတွင်ထိုးနှံရမည့် ကာကွယ်ဆေးကို မေလသို့ရွှေ့ဆိုင်းပြီးနောက် ယခုတစ်ဖန် ဇွန်လသို့ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။“အဓိကကတော့...
ကိုရိုနာဗိုင်းရပ်စ်တွေ့လူနာ ၄ ဦး ထပ်တိုး၊ စုစုပေါင်း ၁၂၇ ဦး
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီလ ၂၂ ရက်နေ့၊ ညတွင် (ဒုတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၇၂ ခုအနက် ၄ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။
သတ်မှတ် Community Based Facility Quarantine Centre များ ပြင်ဆင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ
ရင်းမြစ် - ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန
ကိုရိုနာ ဗိုင်းရပ်စ်တွေ့လူနာ ၆ ဦး ထပ်တိုး
ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၀-၄-၂၀၂၀) ရက်နေ့၊ (ပထမအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၆) ဦး၏ ဓာတ်ခွဲနမူနာတွင်...
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၂ ဦးထပ်တိုး၊ စုစုပေါင်း ၉၆ ဦး ရှိပြီ
ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၁) ခုအနက် (၂) ဦးတွင် COVID-19 ရောဂါပိုး...
ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းအတွင်းသို့ လာသူအားလုံး စောင့်ကြည့်စခန်းတွင် ၂၁ ရက် နေရမည်
ပြည်တွင်း အခြားဒေသမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်လာသူအားလုံး စောင့်ကြည့်စခန်းများတွင် (Quarantine) ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ မလွှဲတောင်ဂိတ်နှင့် လေကြောင်းမှလာသည့် ခရီးသည်များ မိမိသွားလာမည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ...
မြိတ်နှင့် ထားဝယ်မှ စောင့်ကြည့်လူနာ ၃၀ နီးပါး ဓာတ်ခွဲ နမူနာပို့
ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်မှ ကိုရိုနာရောဂါပိုးရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးထားသူ သုံးဆယ်နီးပါး၏ အဖြေကို ယနေ့ည သိရဖွယ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ ၁၃ ရက်နေ့က ထားဝယ်ဆေးရုံကြီးနှင့် တနင်္သာရီဆေးရုံတို့မှ...