ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၂ ဦးထပ်တိုး၊ စုစုပေါင်း ၉၆ ဦး ရှိပြီ

0
433

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အပြည့်အစုံ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၁) ခုအနက် (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၈၉) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ)ပါ။

၂။ ယခုအထိ ဓာတ်ခွဲအတည်ပြုလူနာ (၉၆) ဦးအနက် (၅) ဦးမှာသေဆုံးခဲ့ပြီး၊ (၂) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ပါသည်။

၃။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၄)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်တွင် လူနာ (၃) ဦးအား ကုသမှုပေးလျက်ရှိပြီး ကျန်လူနာများ၏ အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

၄။ (၁၇-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၈-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၂၄)ဦး ရှိပါသည်။