သုံးစွဲရန်မသင့်သော ဆေးထိုးအပ်

0
952

သုံးစွဲရန်မသင့်သော ဆေးထိုးအပ်တစ်မျိုးကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက(FDA) ဧပြီလ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။


IV Cannula အမည်ရှိ ဆေးထိုးအပ်ကို အိန္ဒိယနိုင်ငံမှ Bio-Med Healthcare ကုမ္ပဏီက ထုတ်လုပ်သည်။


ပြည်တွင်းဈေးကွက်၌ ရောင်းချနေသော အဆိုပါဆေးထိုးအပ်များအား ဓာတ်ခွဲစစ်ဆေးမှုအရ ဆေးထိုးသည့်နေရာတွင် ပိုးဝင်နိုင်ခြင်း၊ သွေးပြန်ကြောရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။


အဆိုပါ ဆေးထိုးအပ်ကို ဈေးကွက်အတွင်းရောင်းချနေသည်ကို တွေ့ရှိပါက ပစ္စည်းများသိမ်းဆည်းခြင်း၊ ပညာပေးဟောပြောခြင်း၊ ခံဝန်ကတိရေးထိုးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဆေးဝါးကျွမ်းကျင်ဦးစီးအရာရှိ ဒေါ်စိုးမိမိက ပြောသည်။

မိုးမြင့်