မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးသက်လေပြင်းကျနိုင် ဟုဆို

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ပြောဆိုသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် အခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။ ထိုင်းပင်လယ်ကွေ့ဘက်မှဝင်လာသည့် လေပွေလှိုင်းသည်...

ကံပေါက်ဒယ်(လ်)ကို သတ္တုမိုင်းတွင်းမြေပြိုမူဖြစ်၊ ဒေသခံများစိုးရိမ်

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်‌ကျေးရွာရှိ ဒယ်(လ်)ကိုကုမ္ပဏီ သတ္တုတူးဖော်ရေး ဧရိယာအတွင်း မနေ့(ဇူလိုင် ၁၅) နေ့လယ်ပိုင်းက မြေပြိုမူတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ မြေမပြိုခင်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုသည့်နေ့တွင်မူ မိုးရွာသွန်းခြင်းမရှိဘဲ ပြိုကျလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

မြိတ်နှင့် ကော့သောင်းတွင် လေပြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပျက်စီး

မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာတွင် ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်သဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ဆောင် အပါအဝင်...

ကျောက်နီမော်ကျေးရွာတွင် မြေပြိုကျမှုများ ထပ်ဖြစ်

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ထားဝယ်-ရှင်မော်သွားကားလမ်းဘေးမှ တောင်ကမ်းပါးယံ မြေပြိုကျမှုများထပ်ဖြစ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မိုးနှစ်ရက်ဆက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၅ ရက်‌ နေ့လယ် ၁၂ နာရီခန့်တွင် တောင်ကမ်းပါးယံ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းနေ့နေ့လယ် ၂ နာရီနှင့်...

မော်လမြိုင်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေကြီး၊ လူအချို့ပြောင်းရွှေ့နေရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး လူအချို့ပြောင်းရွှေ့နေရကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။

အာဏာသိမ်းပြီးနောက် ဆယ်ဆ၊ ဆယ်ဆ – ရွှေမုဆိုးတို့၏ အာခံတွင်းမှ ကြိုးဝိုင်းသစ်တော

Dawei Watch စုံစမ်းဖော်ထုတ်ရေးသားသည်။ တနင်္သာရီ သဘာဝသစ်တောကြိုးဝိုင်းအတွင်းရှိ ချောင်းလေးမှာ ချိုင့်ခွက်ပေါင်းများစွာ၊ တွင်းပေါင်းများစွာဖြင့် ပျက်စီးလာနေပြီး တစ်နေ့တစ်ခြား ပျက်စီးသည့် ဧရိယာမှာ သိသိသာသာ ပိုမိုကျယ်လာနေသည်။ ယင်းချောင်းလေးမှာ အာဏာသိမ်းပြီးနောက်ပိုင်း...

ပါချန်မြစ်ဘေး ဒီရေတောအပင် ငါးရာခန့် ပိုစိုက်

ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်ဘေးရှိ ဒေသအခေါ် ဝဲကြီး ဝဲငယ်ကျေးရွာ(အောင်မေတ္တာကျေးရွာ)တွင် ယမန်နှစ်ထက် ဒီရေတောအပင် ငါးရာခန့် ပိုမိုစိုက်ပျိုးခဲ့ကြောင်း ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်က အထိမ်းအမှတ်နေ့များတွင်သာ...

မြိတ်တွင် မန်ဂျန်ရှားအပင် စိုက်ပျိုးမှုများရှိလာ

မြိတ်မြို့ရှိ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူအချို့ မန်ဂျန်ရှားအပင်အား စိုက်ပျိုးမှုများရှိလာနေကြောင်း ဥယျာဉ်ခြံ လုပ်ငန်း လုပ်ကိုင်များထံမှ သိရသည်။ မန်ဂျန်ရှားပင်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၃၀ မှ ၅၀ အထိရှိပြီး အမြင့်ပေ တစ်ရာနီးပါးအထိ...

အနီရောင်အဆင့် မုန်တိုင်းကြောင့် ကျွန်းစု-မြိတ် အမြန်ရေယာဉ်များ ခေတ္တရပ်နား

ကျွန်းစုနှင့် မြိတ်သို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များ လက်ရှိဖြစ်ပေါ်နေသည့် အနီရောင်အဆင့် မုန်တိုင်းကြောင့် ယနေ့ (မတ် ၂၂) မှ စတင်ကာ ခေတ္တရပ်နားထားရကြောင်း အမြန်ရေယာဉ်ပိုင်ရှင်နှင့် ခရီးသွားပြည်သူများထံမှ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်ပြေးဆွဲနေသည့်...

မြိတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြို၊ ရပ်ကွက်အချို့ ရေကြီး

မြိတ်မြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကြောင်း မြို့ခံတို့မှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့ ညပိုင်းစတင်ကာ မိုးသည်းထန်စွာရွာသွားနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့...