သုံးလောင်းပြိုင်လူသတ်မှု ငွေလိုသဖြင့် သတ်ခြင်းမဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ပြော

ရေဖြူမြို့နယ်ရှိ ပြည်ထောင်စုလမ်းမပေါ်ရှိ နေအိမ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်တွင် ငွေလိုသဖြင့် သတ်ခြင်းမဖြစ်နိုင်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အသတ်ခံရသည့်နေအိမ်တွင်ရှိနေသည့် ငွေကျပ်နှစ်သိန်းကျော်၊ ဆိုင်ကယ်၊ ဆောင်းဘောက်၊ နားကပ် စသည့်ပစ္စည်း တစ်စုံတစ်ရာယူသွားခြင်း မရှိသည်ကို တွေ့ရကြောင်း...

ရေဖြူတွင် မိသားစုဝင်သုံးဦး အသတ်ခံရ

ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ် ၂၁ မိုင်အနီးရှိ မီးရထားသံလမ်းကုန်းတွင် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးအသတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ကားလမ်းပေါ် ရထားသံလမ်းဖြတ်သည့်နေရာရှိ နေအိမ်တွင် ဇွန်လ ၁၃ ရက်က အသတ်ခံရကြောင်း ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။

ဘုတ်ပြင်းတွင် ဖခင်အရင်းက သမီးကို မုဒိမ်းကျင့်

ဘုတ်ပြင်းမြို့တွင် ဖခင်အရင်းက သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ယင်းကဲ့သို့ မုဒိမ်းကျင့်ခဲ့ကြောင်းကို မိခင်ဖြစ်သူက ဇူလိုင်လ ၅ ရက်နေ့က ရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်း အရသိရသည်။

NLD ပါတီဆိုင်းဘုတ်နှင့် အလံဖျက်ဆီးသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ဘုတ်ပြင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကိုဖျက်ဆီးသည့် အမျိုးသားကိုပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်ပါမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စုတွင် မေလ၂၆ ရက်ညက အသက် ၃၇ နှစ်အရွယ်အမျိုးသားက အရက်မူးပြီး ပါတီဆိုင်းဘုတ်နှင့်...

ဆန္ဒထုတ်ဖော်သူများကို ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက စွဲဆိုထားသည်အမှု စစစ်

မုဒိန်းမှုကျူးလွန်ရန် အားထုတ်ခဲ့သူကို ကာကွယ်ပေးသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်သူ ၈ ဦးအား ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားသည့်အမှု ပထမဆုံး ရုံးချိန်းကို ၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက် တွင် စစ်ဆေးခဲ့ကြောင်း ယင်းအမှု တရားလို၊ တရားပြိုင်တို့ထံမှ...

မြိတ်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၊ တစ်ဦးသေဆုံး

မြိတ်မြို့ လေယာဉ်ကွင်းလမ်းမကြီးတွင် မေလ ၃ ရက်နေ့က အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မော်တော်ယာဉ်မှာ ပုလဲမွန်လမ်းဆုံဘက်မှ လေယာဉ်ကွင်းဘက်သို့ မောင်းနှင်လာပြီး လမ်းခုလတ်တွင် ယာဉ်လမ်းအလယ်ကြောမှ ပြန်လှည့်ရန်ပြုလုပ်နေစဉ် နောက်မှလိုက်လာသည့်...

ကော့သောင်းတွင် သေနတ် နှစ်လက်နှင့် မူးယစ်ဆေးများ ဖမ်းမိ

ကော့သောင်းတွင် မူးယစ်အမှုနှစ်ခုကို ဖမ်းဆီးရာမှ သေနတ် နှစ်လက်နှင့် မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဆယ်မိုင်ကျေးရွာအုပ်စုရှိ အမျိုးသားတစ်ဦး၏ နေအိမ်ကို မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေရာ အဆိုပါအမျိုးသားက နေအိမ်မှ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ...

ဇနီးအား ဓားဖြင့်ခုတ်သတ်ပြီး ကိုယ်တိုင်ဓားထိုးသတ်သေ

ကော့သောင်းမြို့နယ်အတွင်း ဇွန်လ ၁၄ ရက်နေ့က လင်မယားစကားများရန်ဖြစ်ကာ ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ သေဆုံးသူလင်မယားသည် သစ်တောစိုက်ခင်း နေ့စားအလုပ်သမားများဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ လင်မယားစကားများရန်ဖြစ်ပြီး သစ်တောစိုက်ခင်းနေ့စားအလုပ်သမား အမျိုးသားသည်...

စစ်ပြဲတွင် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာ (နောက်ပိုင်း) ဘောလုံးကွင်းအနီးရှိ နေအိမ်တစ်ဆောင်သည် ဇွန်လ ၁၂ ရက် ည ၈ နာရီခန့်တွင် ဘုရားစင်တွင်ပူဇော်ထားသည့် ဖယောင်းတိုင်မီးမှ မီးကူးစက်ပြီး နေအိမ်မီးလောင်းကျွမ်းခဲ့ကြောင်း လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မူကြောင့်...