ရေဖြူတွင် မိသားစုဝင်သုံးဦး အသတ်ခံရ

0
397

ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ် ၂၁ မိုင်အနီးရှိ မီးရထားသံလမ်းကုန်းတွင် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးအသတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။


ကားလမ်းပေါ် ရထားသံလမ်းဖြတ်သည့်နေရာရှိ နေအိမ်တွင် ဇွန်လ ၁၃ ရက်က အသတ်ခံရကြောင်း ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။


အသက် ၃၀ နှစ်ဝန်းကျင်ခန့် လင်မယားနှစ်ဦးနှင့် အသက် ၁ နှစ်ဝန်းကျင် ရှိ ကလေးတစ်ဦးတို့ သေဆုံးသွားပြီး ညနေ ၄ နာရီမတိုင်မီက အသတ်ခံရသည်ဟု ကနဦးခန့်မှန်းရကြောင်း ရေဖြူမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။


မိသားစုထံ ထားဝယ်မြို့နေဆွေမျိုးများက ဖုန်းဆက်ရာမကိုင်သဖြင့် လိုက်လာရာမှ ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရဲအရာရှိက ပြောသည်။


ဆွေမျိုးများက မီးရထားသံလမ်းဘေးရှိ နေအိမ်သို့ ရောက်ရှိချိန်တွင် သော့ခတ်ထားသဖြင့် အနီးရှိကျေးရွာမှလူများကို ခေါ်ပြီးသွားကြည့်ခဲ့သည်ဟု ၎င်းက ဆိုသည်။


“သော့ခတ်ထားလို့ (အမျိုးတွေက) ရွာအနီးအနားက လူတွေကို ခေါ်ပြီးသွား ကြည့်တော့မှ သေမှန်းသိရတာ” ဟု ယင်း ရဲအရာရှိက ပြောသည်။


လက်ရှိတွင် လူသတ်မှုနှင့်ပတ်သက်ပြီး တရားခံဖမ်းမိရေးစုံစမ်းနေပြီး အလောင်းများကို ဆေးရုံပို့ထားပြီးဖြစ်ကြောင်း အထက်ပါ ရဲစခန်းထံမှ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက သိရသည်။