မြိတ်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၊ တစ်ဦးသေဆုံး

0
337

မြိတ်မြို့ လေယာဉ်ကွင်းလမ်းမကြီးတွင် မေလ ၃ ရက်နေ့က အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။


မော်တော်ယာဉ်မှာ ပုလဲမွန်လမ်းဆုံဘက်မှ လေယာဉ်ကွင်းဘက်သို့ မောင်းနှင်လာပြီး လမ်းခုလတ်တွင် ယာဉ်လမ်းအလယ်ကြောမှ ပြန်လှည့်ရန်ပြုလုပ်နေစဉ် နောက်မှလိုက်လာသည့် မော်တော်ဆိုင်ကယ်က ယာဉ်နောက်ဘက်မှဝင်တိုက်မိခဲ့ကြောင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။


ယာဉ်တိုက်မှုဖြစ်ပွားပြီး‌နောက် ဒဏ်ရာရသည့် ဆိုင်ကယ်စီးအမျိုးသားအား မြိတ်ဆေးရုံကြီးသို့ တင်ပို့ရာညဘက်တွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါစခန်းမှူးက ပြောသည်။


လက်ရှိတွင် မော်တော်ယာဉ်မောင်းနှင်လာသူအား မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)