ကော့သောင်းတွင် မူးယစ်တရားခံပြေးထံမှ ICE မူးယစ်ဆေးနှင့် ဘိန်းစာမှုန့်ဖမ်းမိ

0
302

ကော့သောင်းမြို့တွင် မူးယစ်အမှုတစ်ခုမှ ကွင်းဆက်တရားခံပြေးတစ်ဦးထံမှ ICE မူးယစ်ဆေးနှင့် ဘိန်းစာမှုန့် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အောင်သုခရပ်ကွက်တွင် နေထိုင်သည့် မူးယစ်တရားခံပြေးဖြစ်သူ အမျိုးသားတစ်ဦးက ဇူလိုင်လ ၇ ရက်နေ့တွင် ၎င်းနေအိမ်သို့ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ဝင်ရောက်ရှာဖွေရာ အဆိုပါ အမျိုးသားကိုတွေ့ရပြီး ၎င်းနှင့်အတူ ICE ၇၅ ဂရမ်နှင့် ဘိန်းစာမှုန့် ၁၀ဝ ဂရမ်ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဘုတ်ပြင်းတွင် ဖခင်အရင်းက သမီးကို မုဒိမ်းကျင့်

ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါအမျိုးသားကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မများဖြင့် ကော့သောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။