တိုင်းတွင်းယာဉ်လိုင်းများ လူ တစ်ဝက်တင်၊ ဈေးတိုးကောက်စနစ်ဖြင့် ပြေးဆွဲခွင့်ပြု

တိုင်းတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်းများကို ခရီးသည်လျှော့တင်ပြီး ဈေးတိုးကောက်သည့်စနစ်ဖြင့် ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနထံမှ သိရသည်။ ယာဉ်တစ်စီးလျှင် ခရီးသည်တစ်ဝက် တင်ဆောင်ခွင့်ရမည်ဖြစ်ပြီး ဈေးနှုန်းမှာ ခရီးအနီး/အဝေးပေါ်မူတည်ပြီး တစ်ဦးလျှင် ကျပ် ၅၀ဝ မှ ကျပ်...
video

တစ်ပူပေါ်နှစ်ပူဆင့်နေတဲ့ ထားဝယ်အိုးလုပ်ငန်း

နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ထားဝယ်ကအိုးလုပ်ငန်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် နောက်ထပ်စိန်ခေါ်မှုအသစ်တစ်ခုနဲ့ ရင်ဆိုင်လာရပြန်ပါတယ်။ဒါကြောင့် အိုးလုပ်ငန်းကိုလုပ်ကိုင်နေသူအချို့ဟာ လုပ်ငန်းစွန့်ခွာတဲ့အထိ ဖြစ်လာနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၂ဦး ရှိပြီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက် ကုသမှုခံယူနိုင်စေရေးဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊...

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၃ ဦးထပ်တိုး ၊ စုစုပေါင်း ၈ ဦး ရှိလာ

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၃ ဦး ထပ်တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက မတ်လ ၂၈ တွင် သတင်း ထုတ်ပြန်သည်။ အဆိုပါ ရောဂါပိုးတွေ့ရှိသူများအနက် ၂...

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးထပ်တိုး၊ စုစုပေါင်း ၁၅ ဦး ရှိပြီ

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အပြည့်အစုံ ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်...

ကိုဗစ်အန္တရာယ်ကြားတွင် လူစု၊ လူဝေးဖြင့် ကလေးများ ကာကွယ်ဆေးထိုးနေရ

ကလေးကို လက်ဆွဲသူကဆွဲ၊ ချီထားသူကချီကာ ကာကွယ်ဆေးထိုးခွင့်ရရန် စောင့်ဆိုင်းနေကြသည့် ရာချီသော လူစု၊ လူဝေး တစ်ခု ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၏ အရှေ့ မြေကွက်လပ်ပေါ်တွင် တိုးဝှေ့တန်းစီနေကြသည်။မနက် ၇ နာရီတွင် ထုတ်ပေးသည့် တိုကင်ရရှိရန် လာရောက် တန်းစီနေခြင်းဖြစ်သည်။

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပိတ်ရက် ထပ်မံတိုးမြှင့်

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ယာယီပိတ်ထားသည့် မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ်၊ မောတောင်ဂိတ်နှင့် ထိုင်းနိုင်ငံစင်ခွန်းအထူး ယာယီနယ်စပ်ဂိတ် (မောတောင်-စင်ခွန်းဂိတ်)မှ ဝင်/ထွက်သွားလာမှုပိတ်ခြင်းကို ဧပြီလ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကို...

တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင်...
ရွေးကောက်ပွဲလွန်

ရွေးကောက်ပွဲလွန် ကိုဗစ်အခင်းအကျင်းနှင့် လားရာ

စံတော်ချိန် နေ့စဉ်သတင်းစာမှ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး လက်ရှိ ပစ္စက္ခကာလ ကိုဗစ် အခင်းအကျင်း၊ ပါတီ အောင်ပွဲခံ လူစုလူဝေးနဲ့ လာမယ့်လားရာကို သိလိုပါတယ်ဟု ဆိုပါသည်။ ကိုဗစ်နဲ့ ကမ္ဘာ့အခင်းအကျင်းယနေ့ ညနေ စာရင်းအရ ကမ္ဘာ့...

ထားဝယ်တွင် ဆန်ဝယ်လိုအား မြင့်တက်

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပို့တွေ့လူနာ နှစ်ဦးရှိကြောင်း အစိုးရက စတင်ကြေညာလိုက်သည်နှင့် တပြိုင်နက် ထားဝယ်မြို့တွင် ဆန်းဝယ်ယူစုဆောင်းသူ ရုတ်တရက်များလာနေကြောင်း ထားဝယ်ဆန်ဈေးကွက်အတွင်းမှ သိရသည်။ ဆန်ဆိုင်အချို့တွင်မူ နောက်ထပ်နှစ်ရက်ကြာပါက ပစ္စည်းပြတ်တော့မည့် အနေအထားအထိ ရောင်းချနေကြရသည်။