ဒေသဆိုင်ကယ်လိုင်စင်လုပ်သူ သိသိသာသာ နည်းလာ

မော်တော်ဆိုင်ကယ် ဒေသလိုင် စင် လာရောက်ပြုလုပ်သူ သိသိသာသာ လျော့နည်းလာကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)ထံမှ သိရသည်။ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး ကညနရုံးတွင် လိုင်စင်လာရောက် ပြုလုပ်သည့် ဆိုင်ကယ်အရေအတွက်မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တစ်ရက်လျှင် အစီးရေ...

ဈေးတက်သဖြင့် အောင်ဘာလေထီ ရောင်းအားထက်ဝက်ခန့်ကျဆင်း

ထားဝယ်တွင် အောင်ဘာလေထီ ဈေးများတက်လာသဖြင့် ထီရောင်းအား ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်ဟု ထီရောင်းဝယ်သည့် ကိုယ်စားလှယ်များ ထံမှ သိရသည်။ အောင်ဘာလေထီတစ်စောင်တစ် ထောင်ကျော်ဖြင့်ရောင်းချနေသည့်အချိန် မှစ၍ ထီရောင်းအားများတဖြည်းဖြည်း ကျဆင်းလာခဲ့သည်ဟု ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ မြိတ်သူလေးထီဆိုင်မှ ဒေါ်ချိုမာအေးက...

အရောင်ဆိုးဆေးပါသည့် အလှကုန် ဆယ့်တစ်မျိုး သုံးစွဲရန်မသင့်ကြောင်း FDA ထုတ်ပြန်

ထားဝယ်၊ နိုဝင်ဘာ ၁ အဝတ်အထည်များကို အရောင်ဆိုးရာတွင် အသုံးပြုသည့် အရောင်ဆိုးဆေးနှင့် ပြဒါးပါဝင်သည့် အလှကုန် ၁၁ မျိုးကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ထားသည်။

ထားဝယ်တွင် အိန္ဒိယထုတ် သုံးဘီးဆိုင်ကယ်များ အရောင်းသွက်

ထားဝယ်တွင် အိန္ဒိယနိုင်ငံထုတ် ဘာဂျား (Bajaj)၊ မစီမာဇက် (Maxima Z)၊ TVS၊ မတ်တနော အမျိုးအစား သုံးဘီးဆိုင်ကယ်လေးများ အရောင်းသွက်လာကြောင်း သုံးဘီးဆိုင်ကယ် ရောင်းချသည့် ကုမ္ပဏီများနှင့် ဒေသခံများ ထံမှ သိရသည်။ Bajaj၊...

ထားဝယ်ကမ်းနားဈေး ည ၇ နာရီအထိသာ ရောင်းရမည်

ဖေဖော်ဝါရီလ ၈ ရက်တွင် စဖွင့်မည့် ထားဝယ်ကမ်းနားဈေးရုံအသစ်တွင် ည ၇ နာရီအထိသာ ရောင်းချရန် လွှတ်တော် နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ သဘောတူခဲ့ကြသည်။ ကမ်းနားဈေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ထားဝယ် မြို့နယ်စည်ပင်သာယာရေးကော်မတီကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သို့ ခေါ်ယူဆွေးနွေးပြီးနောက် ယင်းကဲ့သို့...

ဈေးများတွင် အေးခဲအသားရောင်းချပါက ဆိုင်ပိတ်သိမ်းမည်ဟုဆို

ထားဝယ်မြို့နယ်အတွင်းရှိ ဈေးများတွင် အေးခဲအသားရောင်းချပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူမည့်အပြင် ဆိုင်ရောင်းချခွင့်ကိုလည်း ပိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။ အေးခဲအသားရောင်းချသူကို ပထမအကြိမ်ဖမ်းမိပါက ခံဝန်ထိုးပြီး ပစ္စည်းသိမ်းမည်ဖြစ်ကာ ဒုတိယအကြိမ်တွေ့ရှိပါက ယင်းကဲ့သို့ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရပ်ကွက်အတွင်း သို့မဟုတ် ဈေးပြင်ပတွင် ရောင်းချပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိက...

မှိုရောဂါတစ်မျိုးကြောင့် ပြည်ပမှ ရော်ဘာပင် တင်သွင်းခွင့်ပိတ်

မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံ များရှိ ရော်ဘာပင်များတွင် Pestalotiopsis ssp မှိုရောဂါကျရောက်နေသဖြင့် နိုင်ငံ အတွင်းသို့ ကူးစက်မှုမရှိစေရန် နယ်စပ် ဂိတ်များမှ တင်သွင်းမှု ပိတ်ပင်သွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ...

တညင်းသီးဈေး ထိုးကျ

ထားဝယ် ဒေသထွက် သီးနှံများ အနက် တစ်ခုဖြစ်သည့် တညင်းသီးများ ဈေးနှစ်ဆခန့် ကျဆင်းနေကြောင်း ပွဲရုံများနှင့် ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က အခွံပါ တညင်းသီး တစ်ပုံး (၉ ပိဿာခွဲ)လျှင် ငွေကျပ် ၁၂၀၀၀...

၀ဥဈေးကောင်းသဖြင့် စိုက်ပျိုးသူ များပြား

၀ဥဈေးကောင်းရလာသဖြင့် ထားဝယ် ခရိုင်တွင် စိုက်ပျိုးထုတ်လုပ်သူများလာ ကြောင်း ၀ဥ၊ သီဟိုဠ်၊ ကွမ်းသီး စိုက်ပျိုး ထုတ်လုပ်သူများအသင်းနှင့် ၀ဥဝယ်ယူ ရောင်းချသူများထံမှ သိရသည်။ ၀ဥမှာ ၂၀၁၇ ခုနှစ်ခန့်မှစပြီး ဈေး ကောင်းလာသဖြင့် တူးဖော်ရောင်းလာ...

ကုန်ကြွေးနှင့် လုပ်အားခ ကျပ်သိန်းခြောက်ရာနီးပါး ကုမ္ပဏီပိုင်ရှင် လာမရှင်းဟု စွပ်စွဲ

တင်ဒါအောင်လုပ်ငန်းများပြီးစီးခဲ့ပြီး ဖြစ်သော်လည်း လုပ်အားခနှင့် ကုန်ပစ္စည်း အကြွေး ကျပ်သိန်းခြောက်ရာနီးပါးအား ကုမ္ပဏီပိုင်ရှင်မှ လာရောက်ရှင်းလင်းပေး ချေခြင်းမရှိသေးကြောင်း ယင်းကုမ္ပဏီ၏ ထွေထွေမန်နေဂျာနှင့် အလုပ်သမားအချို့က စွပ်စွဲပြောဆိုလိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ V.S.C Group ကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် အလုပ်သမား ၁၂ ဦးသည် ဖေဖော်ဝါရီ လ...