ကွမ်းသီးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျ

ရာသီဥတုပူသဖြင့် ယခုနှစ်တွင် ကွမ်းသီးအထွက်နှုန်း ထက်ဝက်ခန့်လျော့ ကျခဲ့သည်ဟု ကွမ်းသီးစိုက်တောင်သူများ ထံမှ သိရသည်။ ကွမ်းသီး သီးချိန်တွင် အပူရှိန်ပြင်းကာ မိုးမရွာသဖြင့် သီးကင်းများပုပ်၍ ကြွေကျကုန်သောကြောင့် မနှစ်ကထက် ထက်ဝက်ခန့် အထွက်နှုန်း လျော့ကျသွားခဲ့ သည်ဟု...

တည်းခိုခန်းအမည် မြန်မာလို မရေးက ထောင်ကျနိုင်

တနင်္သာရီတိုင်းအတွင်းရှိ စည်ပင် သာယာရေးအဖွဲ့ လိုင်စင်ဖြင့် ဖွင့်လှစ် ထားသည့် တည်းခိုခန်းအမည်ကို မြန်မာလိုဖြင့်သာ ရေးသားရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် သို့မဟုတ် ငွေကျပ်သိန်းနှစ်ရာ ချမှတ်နိုင်သည့် ဥပဒေဖြင့် အရေး ယူတော့မည် ဖြစ်သည်။

ရေထွက်ကုန် ဈေးနှုန်းထိုးဆင်း

ငါးဖမ်းရာသီသုံးလရာနှုန်းပြည့် ပိတ်ခဲ့သဖြင့် ငါး၊ ပုစွန်၊ ကင်းမွန်စသည့် ရေထွက်ပစ္စည်း ထိမိရရှိမှုများသော်လည်း ဈေးနှုန်း ထိုးဆင်းနေသည်ဟု ရေလုပ်ငန်းရှင်နှင့် ရေထွက်ပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ရေထွက်ကုန်အဓိကတင်ပို့နေသည့် ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးကိစ္စကြောင့်...

ထားဝယ်စီမံကိန်းနယ်မြေတွင် ပြည်သူ့ ကြားနာပွဲ လုပ်ပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ပြည်သူ့ကြားနာပွဲကို ဇုန်တည်ရှိရာနေရာတွင်လည်း လုပ်စေလိုကြောင်း ဒေသခံအချို့က ပြေဆိုကြသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန် (SEZ) ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြမည့် ပြည်သူ့ကြားနာပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်မည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။ ရှင်းလင်းပွဲလုပ်မည့် ထားဝယ်မြို့က စီမံကိန်းနယ်မြေနှင့်...

ငှက်သိုက်ထုတ်သူ များလာသဖြင့် ဈေးကျ

ငှက်သိုက်မွေးမြူထုတ်လုပ်သူ များလာသည့်အတွက် ဈေးကျနေကြောင်း မြိတ်ဒေသ ငှက်သိုက်လုပ်ငန်းရှင်များ ထံမှသိရသည်။ မြိတ်ဒေသအတွင်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ငှက်သိုက်မွေးမြူသူ ရာဂဏန်းရှိ နေရာမှ ယခုအခါတစ်ထောင်နီးပါးအထိ ရှိလာသည့်အတွက် ဈေးနှုန်းများလည်း ကျဆင်းသွားခဲ့ကြောင်း ငှက်သိုက်လုပ်ငန်းရှင်များက ပြောသည်။

GGS မှ ဂက်(စ်)ဖိုးငွေကို နောက်ကျပြီးမှ မြန်မာငွေဖြင့် ပေးသွင်းမှုကြောင့် နိုင်ငံတော်မှ ဒေါ်လာ ၅ သိန်းကျော် နစ်နာ

ထားဝယ်ခရိုင်တွင် ဂက်စ်ဖြင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သော GGS ကုမ္ပဏီမှ ဂက်စ်ဖိုး ကျသင့်ငွေကို နောက် ကျပြီးမှ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခဲ့မှုကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၅ သိန်းကျော်(၅၁၀၁၂၁ ဒသမ ၁၅ ဒေါ်လာ) နစ်နာခဲ့သည်။

သင်္ကြန်မတိုင်ခင် နိုင်ငံခြားအရက် အခွန်တိုးကောက်မည်

နိုင်ငံခြားမှတင်သွင်းလာသည့် အရက် အမျိုးအစားအားလုံးကို သင်္ကြန်မတိုင်ခင် ဧပြီလ ၁ ရက်မှစပြီး အကောက်အခွန် တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၁၉ ရက်က ထုတ်ပြန်လိုက်သည်။ နိုင်ငံခြားအရက်များကို ယခင်...

ဈေးတက်သဖြင့် အောင်ဘာလေထီ ရောင်းအားထက်ဝက်ခန့်ကျဆင်း

ထားဝယ်တွင် အောင်ဘာလေထီ ဈေးများတက်လာသဖြင့် ထီရောင်းအား ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်ဟု ထီရောင်းဝယ်သည့် ကိုယ်စားလှယ်များ ထံမှ သိရသည်။ အောင်ဘာလေထီတစ်စောင်တစ် ထောင်ကျော်ဖြင့်ရောင်းချနေသည့်အချိန် မှစ၍ ထီရောင်းအားများတဖြည်းဖြည်း ကျဆင်းလာခဲ့သည်ဟု ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ မြိတ်သူလေးထီဆိုင်မှ ဒေါ်ချိုမာအေးက...

အရောင်ဆိုးဆေးပါသည့် အလှကုန် ဆယ့်တစ်မျိုး သုံးစွဲရန်မသင့်ကြောင်း FDA ထုတ်ပြန်

ထားဝယ်၊ နိုဝင်ဘာ ၁ အဝတ်အထည်များကို အရောင်ဆိုးရာတွင် အသုံးပြုသည့် အရောင်ဆိုးဆေးနှင့် ပြဒါးပါဝင်သည့် အလှကုန် ၁၁ မျိုးကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ထားသည်။

မြိတ်တွင် နို့စားနွား မွေးမြူရေးလုပ်ငန်း တွင်ကျယ်လာ

မြိတ်မြို့နယ်၌ နို့စားနွားမွေးမြူရေးလုပ်ငန်း တွင်ကျယ်လာကြောင်း မြိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် နွားမွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။ မြိတ်မြို့နယ်အတွင်း ယခင်က မိသားစု တစ်နိုင်တစ်ပိုင် နို့စားနွား မွေးမြူခဲ့ကြရာမှ ၅ နှစ်အတွင်း လုပ်ငန်းတွင်ကျယ်လာကြောင်း အထက်ပါ ဌာနမှ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးထံမှ သိရသည်။ ၂၀၁၄ ခုနှစ်ဝန်းကျင်၌ မြိတ်မြို့နယ်အတွင်း နို့စားနွားအကောင်ရေ...