ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မြန်မာ-ထိုင်းချစ်ကြည်ရေး ကုန်စည်ပြပွဲ ရက်ရွှေ့

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မြိတ်မြို့တွင် မတ်လဆန်း၌ ပြုလုပ်မည့် မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး ကုန်စည်ပြပွဲနှင့် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း များရောင်းချပွဲတော်အား ရက်ရွှေ့ဆိုင်းထားကြောင်း မြိတ်ကုန်တိုက်နှင့် မြိတ် ခရိုင်ကုန်သည်များနှင့်စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ယင်းကုန်စည်ပြပွဲကို ကမ်းနားလမ်း ရှိ...

ကုန်ပစ္စည်းများတွင် မြန်မာလိုမဖော်ပြက ထောင် ၂ နှစ်အထိ ချတော့မည်

ကုန်ပစ္စည်းများတွင် မြန်မာဘာသာ ဖြင့် မဖော်ပြပါက ထောင်နှစ်နှစ်ချမှတ် တော့မည်ဖြစ်သည်။ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများဖြစ်သည့် သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုး ကျိုး အစရှိသည့် ကုန်အမှတ်တံဆိပ်သတ်...

GGS မှ ဂက်(စ်)ဖိုးငွေကို နောက်ကျပြီးမှ မြန်မာငွေဖြင့် ပေးသွင်းမှုကြောင့် နိုင်ငံတော်မှ ဒေါ်လာ ၅ သိန်းကျော် နစ်နာ

ထားဝယ်ခရိုင်တွင် ဂက်စ်ဖြင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သော GGS ကုမ္ပဏီမှ ဂက်စ်ဖိုး ကျသင့်ငွေကို နောက် ကျပြီးမှ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခဲ့မှုကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၅ သိန်းကျော်(၅၁၀၁၂၁ ဒသမ ၁၅ ဒေါ်လာ) နစ်နာခဲ့သည်။

သင်္ကြန်မတိုင်ခင် နိုင်ငံခြားအရက် အခွန်တိုးကောက်မည်

နိုင်ငံခြားမှတင်သွင်းလာသည့် အရက် အမျိုးအစားအားလုံးကို သင်္ကြန်မတိုင်ခင် ဧပြီလ ၁ ရက်မှစပြီး အကောက်အခွန် တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၁၉ ရက်က ထုတ်ပြန်လိုက်သည်။ နိုင်ငံခြားအရက်များကို ယခင်...

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကန်ထရိုက်တာလုပ်ချင်က ဘတ်ငွေ တစ်သိန်းပေးရမည်ဆိုကာ အလုပ်ခေါ်

ထားဝယ်အထူးစီးပွားရေးဇုန်တွင် မြေပြင်ရှင်းလင်းရေးအတွက် ကန်ထရိုက် လုပ်လိုပါက ထိုင်းဘတ်ငွေတစ်သိန်း ပေးရမည်ဆိုကာ ထိုင်းလူမျိုးများက ထားဝယ်မြို့တွင် အလုပ်လာခေါ်နေ ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြေပြင်ရှင်းလင်းရေးလုပ်ငန်းကို မိမိပိုင်ယန္တရားဖြင့် လုပ်မည်ဆိုက ဈေးနှုန်း တစ်မျိုး၊ ၎င်းတို့ပိုင်ယန္တရားဖြင့်လုပ်ပြီး စီမံကွပ်ကဲပေးမည်ဆိုက...

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်လိုင်စင် လျှောက်ထားသူ မရှိသေး

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်လျှောက်ထားသူ မရှိသေးဟု မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသိုလှောင် ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့် ထားဝယ်မြို့ တိုင်းရောင်းဝယ်ရေး အရာရှိရုံးထံမှ သိရသည်။ ကျေးရွာသုံးစက်သုံးဆိုင်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်ဆိုင်ရာ အမိန့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး စည်းကမ်းချက် ၃၃ ခု...

နှစ်လအတွင်း ကျပ်သန်းတစ်သောင်း ခွဲခန့်တန်ဖိုးရှိ လုပ်ငန်းလေးခု ရင်းနှီးမြှုပ်နှံခွင့်ပြု

ယခုနှစ်ဆန်းပိုင်းအတွင်း ကျပ် သန်းပေါင်း တစ်သောင်းခွဲခန့် တန်ဖိုးရှိ လုပ်ငန်းလေးခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC) ထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ လက်ရှိအချိန်ထိ ခွင့်ပြု ပေးခဲ့သည့်...

လေးနှစ်အတွင်း ငရုတ်ကောင်းဈေး သုံးပုံတစ်ပုံ ထိုးဆင်း

ထားဝယ်ဈေးကွက်တွင် ငရုတ်ကောင်း အခြောက်ဈေးနှုန်းမှာ လေးနှစ်အတွင်း သုံးဆကျော်အထိ ထိုးဆင်းသွားကြောင်း ထားဝယ်ခရိုင်ရှိ ငရုတ်ကောင်းစိုက် တောင်သူအချို့နှင့် ပွဲရုံအချို့ထံမှ သိရ သည်။ ငရုတ်ကောင်းအခြောက် တစ်ပိဿာ လျှင် ပြီးခဲ့သည့် လေးနှစ်ခန့်က ၁၈၀၀၀ ကျပ်...

မြိတ်ဒေသမှရန်ကုန်သို့ဆန်အမှာ ထက်ဝက်ကျော်လျော့

ဒေသထွက် ဆန်များ ပိုမိုစားသုံး လာမှုကြောင့် မြိတ်ခရိုင်မှရန်ကုန်သို့ဆန် မှာယူမှု ထက်ဝက်ကျော်လျော့ကျလာကြောင်းမြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။ လွန်ခဲ့သည့်ဆယ်နှစ်နီးပါးခန့်က မြိတ်ခရိုင်အတွင်းတစ်လလျှင် ဆန်အိတ် တစ်သိန်းဝန်းကျင်ကို ရန်ကုန်နှင့်ဧရာ၀တီ တိုင်းမှပုံမှန် ဝယ်ယူခဲ့ရပြီးယခုအခါ တစ်လလျှင်ဆန်အိတ်လေးသောင်းခန့် သာ...

ထားဝယ်ကမ်းနားဈေး ည ၇ နာရီအထိသာ ရောင်းရမည်

ဖေဖော်ဝါရီလ ၈ ရက်တွင် စဖွင့်မည့် ထားဝယ်ကမ်းနားဈေးရုံအသစ်တွင် ည ၇ နာရီအထိသာ ရောင်းချရန် လွှတ်တော် နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ သဘောတူခဲ့ကြသည်။ ကမ်းနားဈေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ထားဝယ် မြို့နယ်စည်ပင်သာယာရေးကော်မတီကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သို့ ခေါ်ယူဆွေးနွေးပြီးနောက် ယင်းကဲ့သို့...