ကော့သောင်းတွင် အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံး

0
320
ဓာတ်ပုံ-ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့

ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သွားရောက်ကယ်ဆယ်ခဲ့သည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ မမေသဇင်ဦးဆိုသူဖြစ်ပြီး သူငယ်ချင်းများနှင့်အတူ အေးရိပ်ငြိမ်းရပ်ကွက်အနီးရှိ ရေကန်တွင် ရေကူးသွားရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေနစ်နေသဖြင့် ကယ်ဆယ်ပေးရန် အမျိုးသမီးတစ်ဦးက ရွှေအဏ္ဏဝါပရဟိလူငယ်အဖွဲ့အား ဖုန်းဆက် အကူအညီတောင်းခံသဖြင့် သွားရောက်ကယ်ဆယ်ခဲ့သော်လည်း ရေနစ်သေဆုံးနေသည့် အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

“အဲဒီနေရာက ရေကန်ဆိုပေမယ့် ရေးကူးကန်တော့ မဟုတ်ဘူး။ မြို့နဲ့တော့နီးတယ်ဆိုပေမယ့်‌ တောထဲမှာ ချုံတွေ ဘာတွေနဲ့ ကွယ်နေတာဆိုတော့ လူတွေမမြင်ရတဲ့နေရာတစ်ခုဖြစ်နေတယ်။ ကျွန်တော်တို့လည်း ရေငုပ်ပြီး လိုက်ရှာပေမယ့် ပြန်တွေ့တော့ လူက အသက်မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။

‌ဩဂုတ်လ ၈ ရက်ကလည်း အေးရိပ်ငြိမ်းရပ်ကွက်ရှိ ရွှေဝက်ဝံတံတားတွင်ဆိုက်ကပ်ထားသော ဝါတန်းလှေသုံးစီး မီးလောင်ခဲ့သဖြင့် အမျိုးသား ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။