လောင်းလုံးမြို့နယ်၊ မောင်းမကန် ရွာတွင် ကမ္ဘာ့ရတနာဘဏ် (ကျေးလက် ဘဏ်ခွဲ) ဖွင့်လှစ်နိုင်ရန် အဆောက်အဦး နှင့် ဝန်ထမ်းအင်အား ပြင်ဆင် ခန့်ထား မှု ရာနှုန်းပြည့် ပြီးစီးနေပြီဟု ထားဝယ်မြို့ ကမ္ဘာ့ရတနာဘဏ် တာဝန်ရှိသူထံမှ သိရ သည်။
ဘဏ်ခွဲဖွင့်လှစ်ခွင့်ရရန် ဗဟိုဘဏ် ခွင့်ပြုချက် လျှောက်ထားဆဲဖြစ်ပြီး ခွင့်ပြု ချက်ရသည်နှင့် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ထားဝယ်ဘဏ်ခွဲ မန်နေဂျာက ဆိုသည်။
မောင်းမကန် ပင်လယ်ကမ်းခြေ တစ်လျှောက် ကျေးရွာများသည် ရေလုပ် ငန်း လုပ်ကိုင်ကြပြီး ရေထွက်ပစ္စည်းများ ကို အနယ်နယ် အရပ်ရပ်သို့ တင်ပို့သော ကြောင့် ငွေပြန်လွှဲသည့်အခါ အဆင်ပြေ စေရန် ရည်ရွယ်ဖွင့်လှစ်ရကြောင်း ၎င်းက ဆက်ပြောသည်။ ထားဝယ်မြို့ပေါ်တွင် လည်း ကမ္ဘာ့ရတနာဘဏ်ခွဲများ တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။