ထားဝယ်မြို့၏ အရှေ့မြောက်ဘက်တွင် ဥက္ကာခဲဟု ယူဆရသည့်အရာ ထပ်ကျပြန်

0
410

ထားဝယ်မြို့၏ အရှေ့မြောက် ဘက်တွင် ဥက္ကာခဲဟု ယူဆရသည့်အရာ တစ်ခုကျခဲ့သည်ကို နိုဝင်ဘာလ ၂ ရက် နေ့ ည ၈ နာရီကျော်ခန့်က တွေ့မြင်ခဲ့ ရကြောင်း မျက်မြင်ထားဝယ် မြို့ခံ များထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်း ပိုင်းက ဂြိုလ်တုအပိုင်းအစ (သို့မဟုတ်) ဥက္ကာခဲဟု ယူဆရသည့်အရာများ ကျခဲ့ ဖူးသည့် ထားဝယ်ခရိုင်တွင် ယခုနိုဝင် ဘာလ ၂ ရက်နေ့ညတွင်လည်း ဥက္ကာခဲ ဟု ယူဆရသည့်အရာကို အပြာရောင် အလင်းတန်း အဖြစ်စမြင်တွေ့ခဲ့ရပြီး စက္ကန့်ပိုင်းအတွင်း အရောင်ဖြန့်ကျက် သွားခဲ့ကာ ကောင်းကင် တစ်ခုလုံး အပြာရောင်သန်းသွားသည်ကို တွေ့မြင် ခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

” ရေဖြူဘက်မှာ ဖြစ်ဖို့များတယ်။ ရေဖြူနဲ့ ထိုင်းနယ်စပ်ကြားလိုမျိုးပေါ့။ ပေါက်ကွဲသွားတာမျိုး မဟုတ်ဘူး။ အပြာ ရောင်လင်းတန်း တစ်ခုဆင်းလာပြီး ကောင်းကင်တစ်ခုလုံး အပြာရောင် သန်း သွားတာမျိုး” ဟု မျက်မြင်တွေ့လိုက် ရသည့် ထားဝယ်ဒေသခံ ကိုဖြိုးက ပြော သည်။
ထားဝယ်မြို့ခံအချို့ကမူ မည်သည့် အရာ ကျသည်ဟူ၍ မသိရဘဲ လျှပ်စီး လက်သကဲ့သို့ ဖြစ်သွားသည်ကိုသာ တွေ့မြင်လိုက်ရသည်ဟု ဆိုသည်။
ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံ ရှိ နေရာအချို့တွင်လည်း နိုဝင်ဘာလ ၂ ရက် ညက လောင်ကျွမ်း နေသည့် အရာဝတ္ထုများ ကျခဲ့သည်ဟု ထိုင်းနိုင်ငံ၏ PBS သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ယင်း ဥက္ကာခဲဟု ယူဆရသည့်အရာ ကျခဲ့သည်ကို ထိုင်းနိုင်ငံတွင် နေထိုင် သူများနှင့် မြန်မာနိုင်ငံမှ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း စသဖြင့် နေရာ များကလည်း မြင်တွေ့ခဲ့ရကြောင်း သိရ သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက် နေ့က ထားဝယ်ခရိုင်နှင့် ကန်ချ နာဘူရီ ခရိုင်နယ်စပ်တစ်လျှောက်တွင် ယင်းအရာ များ ကျခဲ့ပြီး ပေါက်ကွဲသံများ ကြားခဲ့ ရသည်ဟု ထားဝယ်ခရိုင် မေတ္တာမြို့နယ် ခွဲရှိ ဒေသခံများထံမှ သိရသည်။