မန္တလေးတွင် ရွှေပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်းဝတ်သူအပါအဝင် လူလေးဦး ဓားပြတိုက်

0
414

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်ဆိုင်တစ်ခုကို ရဲယူနီဖောင်းဝတ်ထားသူတစ်ဦးအပါအဝင် အမျိုးသားလေးဦး ဝင်ရောက်ဓားပြတိုက်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ရဲယူနီဖောင်းဝတ်ထားသူတစ်ဦးနှင့် သေနတ်ကိုင်ဆောင်ထားသူ နှစ်ဦး ပါဝင်သည့် အဆိုလူတစ်စုသည် မတ်လ ၂၈ ရက် ညနေပိုင်းက အိမ်စီးကားဖြင့်လာရောက်ကာ သီရိမာလာအရှေ့ရပ်ကွက်က လင်းလက်ဝါ ရွှေပန်းတိမ်ကို ဓားပြတိုက်ခြင်း ဖြစ်ကြောင်း မြို့ခံတို့နှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းတို့ အရသိရသည်။

ရွှေထည်ပစ္စည်းများကို ယူဆောင်သွားပြီး တန်ဖိုးမည်မျှပမာဏ ယူဆောင်သွားသည်ကိုမူ မသိရသေးပေ။

ယခု ဓားပြမှုမှာ မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

မတ်လ ၂၅ ရက်ကလည်း ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်အနီးရှိ KBZ ဘဏ်ခွဲကို အမျိုးသားသုံးဦး ဆိုင်ကယ်ဖြင့်လာရောက်ကာ ဓားပြတိုက်ပြီး ငွေကျပ် သိန်းနှစ်ထောင်ကျော် ယူဆောင်သွားခဲ့သေးသည်။