တော်ဝင်ဥပဒေပြင်ဆင်ရေး တိုက်တွန်းမှုရပ်တန့်ရန် ပီတာနှင့် Move Forward ပါတီကို အမိန့်ချ

0
960

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနှင့် ပါတီခေါင်းဆောင် ပီတာကို တော်ဝင်ဥပဒေပြင်ဆင်ရေး ပြည်သူများကို တိုက်တွန်းမှု ရပ်တန့်ရန် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းတွင် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

တော်ဝင်ဥပဒေ ပြင်ဆင်ခြင်းသည် ဘုရင်စနစ်ကို ထိခိုက်စေနိုင်သဖြင့် အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဥပဒေခုံရုံးက အမိန့်ချမှတ်လိုက်သည်။

ထို့ကြောင့် Move Forward ပါတီနှင့် ပါတီခေါင်းဆောင် ပီတာအနေဖြင့် ပြည်သူများအား စည်းရုံးနေမှုကို ရပ်တန့်ဖို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Move Forward ပါတီက တော်ဝင်ဥပဒေပုဒ်မကို ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း ကြိုးပမ်းခဲ့သော ပါတီဖြစ်ဟုလည်းဆိုသည်။

သို့သော်လည်း ပီတာ၏ နိုင်ငံရေးလုပ်ဆောင်နေမှုများကို ရပ်တန့်ရန် တားမြစ်ခြင်းနှင့် Move Forward ပါတီကို အပြစ်ပေးအရေးယူခြင်းများ မရှိသေးကြောင်း ဖော်ပြထားသည်။

ယခုတရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် လမ်းပေါ်ထွက်၍ ဆန္ဒပြမှုများကို ရပ်တန့်စေနိုင်မည်ဟု ထိုင်းသတင်းဌာနများက ထောက်ပြခဲ့သည်။

ရွေးကောက်ပွဲတွင် Move Forward ပါတီက တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည်ဟု ပြည်သူများကို ကတိပေးထားသည်။

Ref: Khaosod English, Thai Enquirer