ထားဝယ်မြို့ပေါ် ညပိုင်း ပစ်ခတ်မှုဖြစ်

0
2510

ထားဝယ်မြို့ပေါ် တွင် ယခုည တိုက်ပွဲအသွင် နှစ်ဖက်အပြန်လှန် ပစ်ခတ်မှုဖြစ်ပွားလျက်ရှိသည်။

ထားဝယ်မြို့ အနောက်တောင်ဘက် မြစ်ကမ်းဘေး ပစ်ခတ်မှု ဖြစ်နေခြင်းဖြစ်သည်။

“ဘုမ္မော်နဲ့ စောမိညိုကြား ဟိုဖက်ဒီဖက်ပစ်နေကြတာ” ဟု ပစ်ခတ်သံများကို ကြားနေရသူ မြို့ခံတစ်ဦးက ဆိုသည်။

ဘုမ္မော်နှင့် စော်မိညိုကြား နေရာမှာ ထားဝယ်မြို့ အနောက်ဘက် မြစ်ကမ်းလေးရှိ ရပ်ကွက်များဖြစ်သည်။

ယခုည ကိုးနာရီခွဲ အချိန်မှစပြီး ပစ်ခတ်နေခြင်းဖြစ်ပြီး အရေးပေါ်ကားအသံလည်း ကြားနေရသည်ဟု မြို့ခံတို့က ပြောသည်။ မြို့ အနောက်တောင်ဘက် လယ်ကွင်း တစ်ခွင်တွင် ဒရုန်းပျံသန်းမှုများ၊ မြစ်အတွင်းမှ ရေယာဉ် ပစ်ခတ်မှုများကြားနေရကြောင်း မြို့ခံထံများထံမှ သိရသည်။ ည ဆယ်နာရီခွဲခန့်တွင် ပစ်ခတ်သံများ တိတ်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။

“ပစ်နေတာကတော့ အများကြီး။ အတွဲလိုက်ကိုဆော်နေတာ။ အခုကိုကြားနေရသေးတယ်” ဟု အခြားမြို့ခံ အမျိူးသားတစ်ဦးက ဆိုသည်။

အရေးပေါ်ကားသံများကြားနေရသဖြင့် နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူများ ရှိနေနိုင်ကြောင်း ၎င်းကဆိုသည်။