တနင်္သာရီတိုင်း၏ ပထမဆုံးစခန်းသိမ်းတိုက်ပွဲအဖြစ် ကျောက်ထုစခန်းကို သိမ်းပိုက်

0
4093
Photo - Thokie Paw ပုံစာ - စစ်ကောင်စီ၏ ကျောက်ထုစခန်းနှင့် အတူ သိမ်းပိုက်ရရှိသည် လက်နက်များ

တနင်္သာရီတိုင်းအတွင်း ပထမဆုံး စခန်းသိမ်းတိုက်ပွဲအဖြစ် ထားဝယ်အရှေတောဒေသရှိ စစ်ကောင်စီ၏ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။

ကျောက်ထုစခန်းမှာ ဘန်းချောင်းဒေသတွင် တည်ရှိပြီး စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မေးမြန်းနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်နေဆဲဖြစ်သည်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်အရ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရသည်။

ထို့အပြင် အဆိုပါတပ်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိထားသည့် ပုံများလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည်။