ကျိုက်မရောတိုက်ပွဲတွင် စစ်​ကောင်စီတပ်သား ၂၃ ဦး လက်နက်ချ

0
1160

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်​ကောင်စီတပ်မှ ၂၃ ဦး လက်နက်ချ အညံ့ခံခဲ့​ကြောင်း အမျိုးသားညီညွတ်​ရေး အစိုးရက ထုတ်ပြန်သည်။

ချောင်းနှစ်ခွသို့ ယ​နေ့ (နိုဝင်ဘာ ၁၃) တွင် စစ်ကြောင်းထိုးလာသော စစ်​ကောင်စီတပ်နှင့် ​တော်လှန်​ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီ တပ်မ (၂၂) လက်အောက်ခံ အင်အား ၅၀ ပါ စစ်ကြောင်းမှ ၂၃ ဦးမှာ ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့​ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကာ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ ၁ ဦးအပါအဝင် ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။