ရေဖြူတွင် ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် ဇနီးပစ်ခတ်ခံရ

0
1309

ရေဖြူမြို့နယ် ကျောက်ကညာရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့် ဇနီးတို့ ပစ်ခတ်ခံရသည်ဟု ဒေသခံများကပြောသည်။

ပစ်ခတ်ခံရသူများမှာအသက် ငါးဆယ်ကျော်အရွယ်ရှိ ကျောက်ကညာရွာ စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှုးဦးစိန်အောင်နှင့် ဇနီးဒေါ်မိစန်းအေးတို့ ဖြစ်ကြောင်းသိရသည်။

မနေ့ (ဩဂုတ် ၃၁) မွန်းလွဲ ၂ နာရီခန့်က ကျောက်ကညာရွာဘုန်းကြီးကျောင်းမှ ဥပုသ်သီလယူပြီးအိမ်အပြန် ကျောက်ကညာရွာတံတားအနီးတွင် လက်နက်ကိုင်လူတစ်စုက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သူတို့ကတော့ဆိုင်ကယ် နဲ့ ပစ်ခံရတဲ့နေရာက လူလည်းပြတ်တယ်” ဟု၎င်းကပြောသည်။

၎င်းအုပ်ချုပ်ရေးမှုးနှင့် ဇနီးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းရင်းကြောင့် ပစ်ခတ်သွားသည်ဆိုသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပစ်ခတ်ခံရမှုကြောင့် အဆိုပါ အုပ်ချုပ်ရေးမှုး နှင့်ဇနီးတွင်သေနတ်ဒဏ်ရာ ရရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း၊ ယခုထားဝယ်မြို့ရှိ အမှတ်(၁၂) တပ်မတော်ကုတင် ၁၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။