မန်စီးတီးနဲ့ အာဆင်နယ် အကဲစမ်းကြတော့မယ့် ကွန်မြူနတီဒိုင်းည

0
1430

ဒီနေ့ညမှာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကြပါတော့မယ်။

ကွန်မြူနတီဒိုင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလားချန်ပီယံတို့ အကဲစမ်း အားပြိုင်တဲ့ပွဲစဉ်ပါပဲ။

ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲ အပါအဝင် ဖလားသုံးလုံး ဆွတ်ခူးရရှိခဲ့လို့ ဒီနှစ် ကွန်မြူနတီဒိုင်းပွဲက ပရီးမီးယားလိဂ်မှာ ဒုတိယရရှိခဲ့တဲ့ အာဆင်နယ်နဲ့ ချန်ပီယံများရှင် မန်စီးတီးတို့ အားပြိုင်ရတဲ့အသွင်ပုံစံဆီ ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်မှာ ကွန်မြူနတီဒိုင်းလုပွဲကို ယှဉ်ပြိုင်ရတော့မှာပါ။

ကွန်မြူနတီဒိုင်းပွဲ ရောက်ရှိလာတာဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် စတင်ဖို့အတွက် သီတင်းပတ် တစ်ပတ်သာ လိုတော့တယ်ဆိုတဲ့ အချက်ပေးသံပါပဲ။

ကွန်မြူနတီဒိုင်းပွဲမှာ သာမန်မိနစ် ၉၀ အတွင်း သရေဖြစ်နေခဲ့ရင်တော့ အချိန်ပို ဆက်လက် မကစားရဘဲ ပင်နယ်တီအဆုံးအဖြတ် တိုက်ရိုက်ခံယူရတဲ့စနစ်ကို ကျင့်သုံးပါတယ်။