မြန်မာမွေထိုင်း လက်ဝှေ့သမား ထွန်းမင်းနိုင် ပထမအချီမှာတင် အလဲထိုးခံရပြီး အရေးနိမ့်

0
1913

မြန်မာမွေထိုင်း လက်ဝှေ့သမား ထွန်းမင်းနိုင်သည် ဇူလိုင်လ ၁၄ ရက်နေ့ ည ၇ နာရီအချိန်က ကျင်းပခဲ့သော One Friday Night 25 ပွဲစဉ်တွင် အရှုံးရလဒ်ဖြင့် ကြုံလိုက်ရပြီး ပထမပွဲချီ၌ပင် အလဲထိုးခံလိုက်ရကြောင်း သိရှိရသည်။

One Championship One Friday Night 25 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လမ်းပီးနီး လက်ဝှေ့ရုံတွင် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖလိုင်းဝိတ်တန်းမွေထိုင်းလက်ဝှေ့ပွဲစဉ်တွင် ထွန်းမင်းနိုင်က မလေးရှားမွေထိုင်းလက်ဝှေ့သမား ကာဘီလန် ဂျီလီဗန်နှင့် ရင်ဆိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်သည်။

ကာဘီလန် ဂျီလီဗန် သည် ပွဲစကတည်းကပင် ထွန်းမင်းနိုင်ကို အသာစီးဖြင့် ထိုးသတ်ကာ ပထမပွဲချီ၌ပင် ပွဲဖြတ်ပြီး အလဲထိုးဖြင့် အနိုင်ယူသွားခဲ့ခြင်းဖြစ်ပြီး ထွန်းမင်းနိုင်မှာ One Championship ဘက်တွင် ထိုးသတ်သော မွေထိုင်းပွဲစဉ်များ၌ အရှုံးရလဒ်ကို ပထမဆုံး ကြုံဆုံလိုက်ရခြင်းပင်ဖြစ်သည်။

မြန်မာ့လက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်း၏ညီဖြစ်သူ ထွန်းမင်းနိုင်သည် ယခုပွဲစဉ်မတိုင်မီ ထိုးသတ်ခဲ့သော One Championship မွေထိုင်းပွဲစဉ် နှစ်ပွဲတွင် အလဲထိုးရလဒ်ဖြင့် တစ်ပွဲ၊ ဒိုင်ပွဲရပ်ဖြင့် တစ်ပွဲ အနိုင်ရရှိထားသူဖြစ်သည်။