ဇွန်လ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
1753

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပဝနဲ့ သရဖုံရွာက ဒေသခံထောင်ချီ တိမ်းရှောင်နေကြရတဲ့အကြောင်း
  • ကလိန်အောင်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ လက်နက်ကြီးထိမှန်ခဲ့တဲ့အကြောင်း
  • ရေဖြူမြို့နယ် ပုဂေါ်ဇွန်းရွာနဲ့ မင်းဒပ်ရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ
  • ကုန်ကားတစ်စီး မလွှဲတောင်အနီးမှာ မီးလောင်ကျွမ်းခဲ့တဲ့အခြေအနေ
  • မြိတ်မြို့မှာ အုတ်သည်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တို့ တိုက်မိလို့ ခရီးသည် ၈ ဦး ဒဏ်ရာသွားတဲ့အကြောင်း
  • လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာမှာ အမျိုးသားတစ်ဦးပစ်သတ်ခံခဲ့ရတာ
  • မြိတ်မြို့မှာ အိဒ်ပွဲတော်လုပ်တဲ့ မြို့ခံ‌အချို့ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့အခြေအနေ
  • ထိုင်းမှာ ပွဲစားလိမ်သွားလို့ မြန်မာအလုပ်သမား နှစ်ဦး လုပ်ငန်းခွင်ထဲ အဖမ်းခံလိုက်ရတဲ့အကြောင်း

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။