ထားဝယ်မြို့အဝင် ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တိုက်ပွဲဖြစ်

0
3423

ထားဝယ်မြို့အဝင် မောင်မယ်ရှောင်အနီးက စစ်ကောင်စီတပ် ဘုရားမဲစစ်ဆေးရေးဂိတ်ကို ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၅ နာရီခွဲကစပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်အသံများကို နံနက် ၇ နာရီကျော်အထိ ကြားနေရဆဲဖြစ်သော်လည်း တိုက်ပွဲ အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။

တိုက်ပွဲကြောင့် ဘုရားမဲစစ်ဆေးရေးဂိတ်အနီးက ထားဝယ်-ရန်ကုန်သွားကားလမ်းတွင် လူသူရှင်းလင်းနေပြီး ဒေသခံရွာသားများမှာလည်း ပုန်းရှောင်နေရကြောင်း မောင်မယ်ရှောင်ရွာက အမျိုးသားတစ်ဦးက ပြောသည်။

ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဧပြီလ ၉ ရက်ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ဆေးရေးဂိတ်မှာ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခံရလေ့ရှိသည်။