လောင်းလုံးတွင် ပြည်သူ့စစ်အဖွဲ့ဝင်ဟုဆိုသူတစ်ဦး ပစ်သတ်ခံရ

0
2745

လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် ယနေ့ညနေပိုင်းက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၄၀ ကျော်ဝန်းကျင်အရွယ်ရှိ ဦးအောင်ဆန်းဦးဆိုသူဖြစ်ပြီး ယနေ့ ည ၆ နာရီ ၄၅ မိနစ်ခန့် တွင် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

၎င်းသည် ယူနီဖောင်းဝတ်ကာ လက်နက်ကိုင်ဆောင်လေ့ရှိကာ လုံခြုံရေးတာဝန်များလည်း ထမ်းဆောင်သည်ကို တွေ့ရလေ့ရှိကြောင်း ဒေသခံအချိုက ပြောဆိုကြသည်။

“သူအိမ်နောက်က မီးပုံဘေးမှာသေနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ညဘက်မေးရိုးအောက်နှင့် ဦးခေါင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးအောင်ဆန်းဦးကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

၎င်း၏ ရုပ်အလောင်းကို ယနေ့ညတွင်းချင်း အရေးပေါ်ကားဖြင့်လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။