အိုစာမင်းစာ စုထားတဲ့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ငွေလိမ်ခံလိုက်ရတဲ့ အူစိန်ဘော့တ်၊ စာရင်းထဲ ဒေါ်လာ ၂,၀၀၀ သာ ကျန်ခဲ့

0
2815
Photo / Business Insider

ကမ္ဘာကျော် ဂျမေကာ တာတိုအပြေးသမား အူစိန်ဘော့တ် ဟာ ကစားသမားဘဝက အနားယူပြီးချိန် အိုစာမင်းစာအတွက် စုဆောင်းထားတဲ့ သူ့ရဲ့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အလိမ်ခံလိုက်ရတဲ့အတွက် အရမ်းကို စိုးရိမ်သောကများနေတယ်လို့ သိရပါတယ်။

ဂန္ထဝင်အပြေးသမား အူစိန်ဘော့တ် ဟာ Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုဆီမှာ အဲ့ဒီငွေတွေကို နောင်အနာဂတ် အိုစာမင်းစာအတွက် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး သူ့အနေနဲ့ နောက်ပိုင်းနှစ်တွေမှာ မျှော်လင့်ထားတဲ့ငွေတွေ မရရှိဘဲ အပြီးသတ် ဆုံးရှုံးသွားမှာကို အူစိန်ဘော့တ်က စိတ်ပူနေပြီလို့ ဆိုပါတယ်။

Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုဟာ အဲ့ဒီလို ငွေလိမ်ခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အူစိန်ဘော့တ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ဆီ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပေးပို့လိုက်တာဖြစ်ပြီး Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုဘက်က သတင်းမထုတ်ပြန်ခင်မှာပဲ အူစိန်ဘော့တ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့က ဒီသတင်းကို ဖွင့်ချလိုက်တာဖြစ်ပါတယ်။

Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုထဲကို ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီ ယံဟာ ငွေလိမ်ခံလိုက်ရတဲ့စာရင်းထဲ ပါဝင်သွားခဲ့ပြီး အူစိန်ဘော့တ်ရဲ့ငွေစာရင်းမှာဆိုရင် လက်ကျန်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂,၀၀၀ သာ ကျန်ခဲ့တယ်လို့ သိရှိရပါတယ်။

Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုထဲမှာ အူစိန်ဘော့တ် အပါအဝင် ရင်းနှီးမြှုပ်နှံထားသူ အယောက် ၃၀ ရဲ့ငွေတွေကို စာရင်းလိမ်ကာ ငွေလိမ်သွားတာဖြစ်ပြီး ဒါကို ကုမ္ပဏီရဲ့အကြံပေးပုဂ္ဂိုလ်တစ်ယောက်က လုပ်သွားတာဖြစ်နိုင်တယ်လို့လည်း ယူဆချက်တွေ ထွက်ပေါ်နေပါတယ်။

လက်ရှိမှာတော့ Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုဘက်ကလည်း ငွေလိမ်လည်ခံရမှုအတွက် ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ၎င်းတို့အနေနဲ့ ကုမ္ပဏီဝန်ထမ်းဟောင်းတစ်ယောက်က လိမ်လည်သွားတာကို သတိပြုတွေ့ရှိထားကြောင်း Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုက အသိပေးထားပါတယ်။