ကင်ညာ စစ်တပ်ခေါင်းဆောင် ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံး

0
311

ကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန်စစ် အိုဂိုလာ ဧပြီလ ၁၈ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။

အိုဂိုလာဟာ ကင်ညာစစ်တပ်ရဲ့ စစ်ဦးစီးချုပ်တစ်ဦးဖြစ်ပြီး အခြားစစ်ဘက်အရာရှိ ၁၁ ဦးနဲ့အတူ ရဟတ်ယာဉ်မှာ လိုက်ပါလာတာပါ။

သူတို့စီးလာတဲ့ ရဟတ်ယာဉ်က နိုင်ငံအနောက်ပိုင်းမှာ ပျက်ကျခဲ့ပြီး သူနဲ့လိုက်ပါလာတဲ့သူ ၉ ဦးသေဆုံးကာ ၂ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အယ်လ်ဂီယိုမာရက်ဝက်ကောင်တီမှာ ဧပြီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာဖြစ်ပါတယ်။

ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲပါ။

စစ်ဦးစီးချုပ်သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်းမိတယ်လို့ ကင်ညာသမ္မတ ဝီလီယံရူတိုက ဆိုထားပါတယ်။

ဗိုလ်ချုပ်ကြီး အိုဂိုလာဟာ ကင်ညာစစ်တပ်အကြီးအကဲအဖြစ် ပြီးခဲ့တဲ့နှစ် ဧပြီလက ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံတဝန်းမှာ ဒီနေ့ကစပြီး အလံတွေကို တိုင်တစ်ဝက်လွှင့်ထူကာ သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref: CNN