ယူကရိန်းကို ပစ်လိုက်သော ရုရှားဒုံးကျည် ပိုလန်နယ်မြေထဲကိုကျ လူနှစ်ဦးသေဆုံး

0
3316

ယူကရိန်းနယ်စပ်ရှိ ပိုလန် ကျေးရွာတစ်ရွာကို ရုရှားဒုံးကျည်ကျရောက်ခဲ့ရာ လူ (၂)ဦး သေဆုံးသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။

ပိုလန်မီဒီယာများနှင့် AP သတင်းဌာနက ရုရှားဒုံးကျည်များကြောင့်ဟု အတည်ပြုထားပြီး ပိုလန်အစိုးရဘက်က တရားဝင် ထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းဖြစ်စဉ်ကို ငြင်းဆန်ထားပြီး ပြဿနာကြီးထွားစေရန် တမင် လုပ်ဆောင်ခြင်းဟု တုန့်ပြန်ထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာအင်အားကြီး နိုင်ငံများက အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး နေကြောင်း ထုတ်ပြန်ထားသည်။

ပိုလန်အမျိုးသားလုံခြုံရေးဗြူရိုက အရေးပေါ်အစည်းအဝေးပြုလုပ်နေပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် ရှိသည်။

ရုရှားသည် ပြီးခဲ့သည့် အင်္ဂါနေ့က ယူကရိန်းကို ဒုံးကျည်များစွာ အတွဲလိုက်ပစ်ခတ်ခဲ့သည်။ မြို့တော် ကိဗ် အပါအဝင် မြို့ကြီးများစွာကို ထိခိုက်ခဲ့ပြီး လူ (၁) ဦးသေဆုံးခဲ့ရသည်။

လက်ရှိအချိန် ဘာလီတွင် ကမ္ဘာ့ခေါင်းဆောင်များ စုစည်းနေချိန်ဖြစ်ရာ အဆိုပါ ကိစ္စကို အရေးပေါ် အစည်းအဝေးလုပ်နေသည်ဟု နောက်ဆုံးသတင်းရရှိထားသည်။