မြိတ် ငှက်သိုက်ရောင်းအား စံချိန်တင်

0
181

မြိတ်ဒေသ ထွက်ကုန်တစ်မျိုးဖြစ်သည့် ငှက်သိုက်ရောင်းအားမှာ စံချိန်အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

လတ်တလော ကူးစက်မှုနှုန်းမြင့်မားနေသည့် ကိုဗစ်တတိယလှိုင်းတွင် ကိုယ့်ခံအားကောင်းစေရန် အားဆေးတစ်မျိုးအဖြစ် ငှက်သိုက်အား ဝယ်ယူသောက်သုံးသူများလာသဖြင့် ရောင်းအားမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“ဈေးက နှစ်ဆလောက်တက်သွားတာ၊ ငှက်သိုက်ဈေးကွက်မှာ အရောင်းရဆုံးအချိန်ပဲ” ဟု မြစ်ငယ်ရပ်နေ ငှက်သိုက်အရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လက်ရှိ ငှက်သိုက်တစ်ပိဿာလျှင် သိန်းလေးဆယ်ကျော်ခန့်ရှိပြီး အသင့်သောက်သုံးနိုင်သည့် ငှက်သိုက်‌ပေါင်း တစ်ဗူးလျှင် ၃၅၀၀ ကျပ်မှ ၈၀၀၀ ဝန်းကျင်ခန့်အထိ၊ သန့်စင်ပြီး ငှက်သိုက်ခြောက် တစ်ကျပ်သားလျှင် ၄၂၀၀၀ ကျပ် ဈေးပေါက်လျက်ရှိသည်။

ယင်းအပြင် ငှက်သိုက်အကြမ်း၊ သန့်စင်ပြီး၊ ပေါင်းရည် ပုံစံအမျိုးမျိုးဖြင့် ရောင်းချလေ့ရှိကြကြောင်း သိရသည်။

မြိတ်တွင် သဘာဝငှက်သိုက်နှင့် ငှက်အော်သံစနစ်ပါသည့် နည်းပညာအသုံးပြုပြီး စီးပွားဖြစ်
မွေးမြူလေ့ရှိကြသည်။