ချင်းမိုင်ကနေ အလုပ်လုပ်ကြမယ်

0
215
ချင်းမိုင်ကနေ အလုပ်လုပ်ကြမယ်

ရုံးသွားစရာ မလိုဘဲ အွန်လိုင်းကနေ တစ်ဆင့် အလုပ်လုပ်နိုင်တဲ့ The Work-from-Anywhere ညွှန်းကိန်းအရ နိုင်ငံခြားသားများအနေနဲ့ နေထိုင်အလုပ်လုပ်ချင်စရာ အကောင်းဆုံးမြို့တွေထဲမှာ ချင်းမိုင်က ကမ္ဘာ့အဆင့် ၃၄ချိတ်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အတွက် ကမ္ဘာတစ်ဝန်း လူနေအိမ်ခန်းနဲ့ အခန်းများ အငှားဝန်ဆောင်မှုလုပ်ငန်းတွေကို ရှာဖွေကြည့်ရှုနိုင်တဲ့ Search engine တစ်ခုဖြစ်တဲ့ Netspick ကနေပြီးတော့ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

ကုန်ကျစရိတ်နဲ့အခြေခံအဆောက်အဦ၊ ဥပဒေနဲ့လွတ်လပ်ခွင့်၊ နေပျော်မှု စတဲ့ အချက် ၁၆ ချက်ကို အခြေခံဆန်းစစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ မြို့ပေါင်း ၇၅ မြို့ကို နှိုင်းယှဉ် တွက်ချက်ထားခြင်းဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသည့် လူဦးရေစာရင်းကိုလည်း ဤထုတ်ပြန်ချက်မှာ ထည့်သွင်းစဉ်းစားထားပါတယ်။

သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကတော့ ကမ္ဘာ့အဆင့်(၁) သတ်မှတ်ခံရပါတယ်။ သူ့နောက်မှာတော့ ဒူဘိုင်း၊ ဆစ်ဒနီ၊ တာလင်းန်(အက်စတိုးနီးယားနိုင်ငံ)၊ လန်ဒန်၊ တိုကျို၊ စင်ကာပူ၊ ဂလပ်စဂိုး(စကော့တလန်နိုင်ငံ)၊ မွန်းထရီးအော(ကနေဒါနိုင်ငံ)နဲ့ ဘာလင် (ဂျာမနီ) တို့က အစဉ်လိုက် အဆင့်အသီးသီးသတ်မှတ်ခံခဲ့ရပါတယ်။

ချင်းမိုင်ကတော့ အမှတ် ၁၀၀ မှာ ၇၆.၃၉ မှတ်ရပြီး အဆင့် ၃၄ ချိတ်ခဲ့တာ ဖြစ်ပါတယ်။လူနေမှုစရိတ် သက်သာမှု၊ ကျားမနဲ့ LGBT အခွင့်အရေး တန်းတူညီမျှမှု၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုရှိခြင်းတို့က ချင်းမိုင်မြို့ရဲ့ရမှတ်ကို တိုးစေခဲ့ပါတယ်။ ဘန်ကောက်မြို့ကတော့ အဆင့် ၅၉ မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

အာရှနိုင်ငံတွေထဲက ထိပ်တန်း ၅ နိုင်ငံစာရင်းမှာတော့ တိုကျို (ကမ္ဘာ့အဆင့် ၆)၊ စင်ကာပူ (ကမ္ဘာ့အဆင့် ၇)၊ ဟောင်ကောင်(ကမ္ဘာ့အဆင့် ၁၄)၊ ချင်းမိုင်(ကမ္ဘာ့အဆင့် ၃၄)နဲ့ ဘာလီ (ကမ္ဘာ့အဆင့် ၅၆) တို့က အသီးသီးရပ်တည်နေပါတယ်။