ပုလောတွင် လေးရက်အတွင်း ကိုဗစ် လူနာ ၄ဝ ကျော်

0
367

မြိတ်ခရိုင် ပုလောမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ လေးရက်အတွင်း ကိုဗစ်နိုင်တီးရောဂါတွေ့ရှိသူ ၄၂ ဦးရှိကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ပုလောတွင် ဇူလှိုင်လ ၅ ရက်နေ့က ကိုဗစ်တွေ့သူ ‌၇ ဦး၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ၃ ဦးစီ၊ ၈ ရက်နေ့ တွင် ၂၉ ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း တိုင်းကျန်းမာရေးဌာန၏ မြို့နယ်အလိုက် ကိုဗစ်နိုင်တီး လူနာအခြေပြဇယားအရသိရသည်။

ပုလောတွင် ကိုဗစ်တတိယလှိုင်းအဖြစ် ကိုဗစ်ပိုးရှိသူ ၁၂ ဦးအား ဇူလိုင်လ ၂ ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့အခြေစိုက် မေတ္တာရှင် ပရဟိတအသင်းမှ သိရသည်။

ရောဂါပိုးစတင်တွေ့ရှိခဲ့သည့်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ စုစုပေါင်း ၅၄ ဦး ရှိပြီဖြစ်သည်။ကိုဗစ်ပိုးတွေ့သူတို့တွင် အသက် ၆ နှစ်ရှိ ကလေးငယ်တစ်ဦး(ကျား)ပါရှိကြောင်း မေတ္တာရှင် ပရဟိတအသင်းဝင်တစ်ဦးက ပြောပြသည်။

ပုလော အထကတွင် ကိုဗစ်ကျောင်းသားတွေ့၊ အခြေခံပညာကျောင်းများ စပိတ်

အဆိုပါ ကိုဗစ်လူနာတို့အား ပုလောမြို့နယ်ခန်းမနှင့် မြို့မအားကစားကွင်းရှိ မိုး‌လုံလေလုံခန်းမရှိ ကုသရေးစင်တာတို့တွင် ဆေးဝါးကုသမှုခံယူနေကြကြောင်း မေတ္တာရှင် ပရဟိတအသင်းမှ သိရသည်။

ပုလောမြို့သည် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် တည်ရှိသည်။