တနင်္သာရီတိုင်းမှ ကိုယ်စားလှယ်များ နေပြည်တော်မှ ပြန်ရောက်

0
299
Dawei Watch, Dawei News, Dawei News Media

လွှတ်တော်အစည်းအဝေးတက်ရန် နေပြည်တော်သို့ထွက်သွားသည့် တနင်္သာရီ တိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များ တပ်မတော် အာဏာသိမ်းမှုကြောင့် တည်းခိုနေသည့်နေရာတွင်ပင် ခေတ္တ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်တွင် နေရပ်သို့ အသီးသီးပြန် လာခဲ့ကြသည်။

ထိန်းသိမ်းခံထားရစဉ် နေပြည်တော် စည်ပင်ဧည်ရိပ်သာအတွင်းပင်လွှတ် တော်ခေါ်ယူကာ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးသူ ၇၀ ဦးတွင် တနင်္သာရီတိုင်းက လွှတ်တော်ကိုယ်စား လှယ် ၂၁ ဦးပါဝင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ပြောသည်။

“အခုက စည်ပင်ရိပ်သာက လက်မခံတော့ဘူးဆိုတော့ ကိုယ့်နေရာကိုယ် ပြန်လာကြတာပေါ့” ဟု ဦးနေလင်းထွန်း က ဆိုသည်။

တနင်္သာရီတိုင်းမှ ကိုယ်စားလှယ် များပြန်လာသည့်နေ့တွင်ပင် ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြုကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကော်မတီတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါဝင် ပြီး တနင်္သာတိုင်း မြိတ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းလည်း ယင်းကော်မတီတွင် တစ်ဦးအပါအဝင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကော်မတီသည် ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာအဖွဲ့များအနေဖြင့်လည်း ယင်း ကော်မတီကိုသာ ဆက်သွယ်ဆောင်ရွက်ရန် ဖော်ပြထားသည်။

နေပြည်တော်မှ နေရပ်ပြန်လာသော လွှတ်တော်ကိုယ်စားလှယ်များအား ပါတီ ရုံးချုပ်မှ မည်သည့်ညွန်ကြားမျှ မညွှန်ကြားလိုက်ကြောင်း ဦးနေလင်းထွန်းက ဆိုသည်။