မီးဘေးစိုးရိမ်၍ ထားဝယ်လေယာဉ်ကွင်း မြက်ရှင်းမည်

0
207
Dawei Watch, Dawei News, Dawei News Media

ထားဝယ်လေယာဉ်ကွင်းဧရိယာအတွင် မြက်ခြောက်များ များပြားစွာ ရှိနေပြီး မီးဘေးအန္တရာယ်စိုးရိမ်ရသည့်အတွက် မြက်ရှင်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ယင်းမြက်ခြောက်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လာမည့်အပတ်တွင် ရှင်းလင်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

]]ဒီလိုမှမဟုတ်ရင် မီးရေး ထင်းရေး က စိတ်မချရဘူး}}ဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

လက်ရှိတွင် လေယာဉ်ကွင်း တာဝန်ရှိသူများက ရှင်းလင်းနေသော်လည်း လူအင်အား၊ စက်အင်အားအခြေအနေကြောင့် မရှင်းလင်းနိုင်သေးသည့် အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါလေယာဉ်ကွင်းအတွင်းတွင် မြက်ခြောက်များကြောင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးသည်။

ထားဝယ်လေယာဉ်ကွင်းရှိ ချုံနွယ်များကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သိန်း လေးထောင် အသုံးပြုကာ ချုံရှင်းလုပ်ငန်းကို တင်ဒါမခေါ်ဘဲ ထားဝယ်အခြေစိုက် ဦးဆန်နီပိုင် F22 ကုမ္ပဏီအား လုပ်ကိုင် ခွင့်ပြုခဲ့ဖူးသည်။

ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ တင်ထားဆဲ

ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော် အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ထားသည်။