တိုင်းလွှတ်တော်တွင် အမျိုးသမီးရေးရာကော်မတီ ဖွဲ့စည်းပေးရန်တောင်းဆို

0
225
Dawei Watch, Dawei News, Dawei News Media

အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ ပပျောက်စေရန်အတွက် လာမည့် တိုင်းလွှတ်တော်တွင် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော် ဆောင်ရေးကော်မတီတစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပေးရန် အပါအဝင်အချက် ၇ ချက်ကို ထားဝယ်အမျိုးသမီးသမဂ္ဂက တောင်းဆိုလိုက်သည်။
နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေးနေ့တွင် ထားဝယ်အမျိုးသမီးသမဂ္ဂက ထုတ် ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ် အများစုမှာ လင်ယောကျာ်းမှ ရိုက်နှက်ခြင်း၊ ဝင်ငွေမထောက်ပံ့ခြင်းနှင့် လင်ယောကျာ်းဖောက်ပြန်ခြင်းကြောင့် ခံစားနေရသည်ကို လေ့လာတွေ့ရှိရပြီး လင်မယားချင်း၊ သမီးရည်းစားချင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ပါဝင်သည်ဟု
အမျိုးသမီးများအနေဖြင့် အိမ်တွင်း အကြမ်းဖက်မှုများကို တိုင်ကြားရကောင်းမှန်း မသိခြင်း၊ သိသော်ငြားလည်း ဥပဒေအရ ကာကွယ်ပေးထားသည့် အခွင့် အရေးများကို လက်တွေ့အသုံးချရန် အချိန်၊ ငွေကြေး၊ အသိသက်သေ၊ လုံခြုံရေး စသည့် အခက်အခဲများရှိခြင်းကြောင့်လည်း အမျိုးသမီးများသည် ဥပဒေ၏ အကာကွယ်ကို ရရှိရန် လက်လှမ်းမမီဘဲ ခက်ခဲနေသည်ဟု မယ်းနုနုလှိုင်က ဆိုသည်။

ထားဝယ်အမျိုးသမီးသမဂ္ဂအနေ နှင့် အမျိုးသမီးများ၏ ပြဿနာများနှင့် ပတ်သက်၍ လိုက်လံကူညီဆောင်ရွက် ပေးနေသော်လည်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို လိုက်ပါကူညီဆောင် ရွက်ပေးရန် အမှုဖြစ်စဉ်နှင့် အဖွဲ့အင်အား မမျှခြင်း၊ တရားမမှုများဖြစ်သဖြင့် အမှု ရုံးချိန်းများ နှစ်ချီကြန့်ကြာသဖြင့် လိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေအင်အား မလုံလောက်သည့် အခက်အခဲများအပြင် ဥပဒေများသည် အမျိုးသမီးများအတွက် လက်တွေ့ဘဝတွင် ထိရောက်သည့် အကာအကွယ်ပေးမှုကို မရသဖြင့် အစိုးရအား တောင်းဆိုနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဒုတိယ အကြိမ်လွှတ်တော်သက်တမ်းတွင် လည်း တောင်းဆိုခဲ့သည်။

“တောင်းဆိုခဲ့တာလည်း ကြာပြီ” ဟု ၎င်းက ဆိုသည်။

“ချက်ချင်းလုပ်ပေးစေချင်တယ်။ လုပ်ပေးဖို့လည်း လိုအပ်နေပြီပေါ့နော်” ဟု မယ်းနုနုလှိုင်က ပြောသည်။

တောင်းဆိုချက်များတွင် လွတ်မြောက်နေသော တရားခံပြေးများကို အမြန်ဆုံးဖော်ထုတ်စစ်ဆေးအရေးယူ ပေးရန်၊ အမျိုးသမီးများအတွက် ထိရောက်ပြီး အာမခံချက်ရှိသည့် နည်းမျိုးစုံသော အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ဥပဒေတစ်ရပ် အမြန်ဆုံး ပြဋ္ဌာန်းပေးရန်၊ အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် အခြားသော ကျား-မ အခြေပြု အကြမ်းဖက်မှုများနှင့်ပက်သက်သည့်တိုင်ကြား ချက်များကို သက်ဆိုင်ရာ ရဲစခန်းများမှ အလေးအနက်ထားပြီး အရေးယူဆောင် ရွက်ပေးရန် စသည့်တို့ ပါဝင်သည်။

ထို့အပြင် အစိုးရဝန်ထမ်းအပါအဝင် ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သူများမှ ပြစ်မှုများကျူးလွန်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကျောသားရင်သား မခွဲခြားဘဲ ဘက်လိုက်မှုကင်းစွာ ထိထိ ရောက်ရောက် အရေးယူပေးရန်လည်း ပါဝင်သည်။

ထားဝယ်အမျိုးသမီးသမဂ္ဂမှ ထားဝယ် ခရိုင်အတွင်း ကူညီဆောင်ရွက်ပေးခဲ့သည့် အမှုစုစုပေါင်း ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၇၁ မှု ရှိပြီး ၅၈ မှုမှာ အိမ်တွင်းအကြမ်းဖက်မှုဖြစ်သည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မိုးမြင့်