ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
393
Bay-Din

၁၉- ၁၀- ၂၀၂၀ မှ ၂၅- ၁၀-၂၀၂၀ ထိ

တနင်္ဂနွေ
ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ အလုပ်အကိုင်အခွင့်အလမ်းများ နှောင့်နှေးတတ်သည်။ ယာဉ် ဝင်မည်။ ငွေကြေးမစုမိဘဲဖြစ်နေတတ်သည်။ နာရီ၊ တံဆိပ်တုံးများ ဝယ်ခြင်း မပြုပါနှင့်။ အတိုက်ခံကိစ္စများက သင့်ကို ဒုက္ခမပေးနိုင်ပါ။ မေတ္တာရေးသည်ကား ချစ်သူက သင့်အပေါ်နားလည်လက်ခံပေးလိမ့်မည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ ခဲရောင်
မကျိုးမပေးသော အရောင် ။ ။ အညိုရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ မုန့်ဟင်းခါးတစ်ချိုင့် ဘုန်းကြီးကျောင်းသို့လှူဒါန်းပါ။

တနင်္လာ
မြေ ဝင်မည်။ ကြုံတွေ့နေရသော ငွေကြေးကိစ္စ အဆင်ပြေမည်။ စိတ်သစ်လူသစ်နှင့် စိတ်ချမ်း သာရမည်။ ဒူး၊ သွားနှင့် ပတ်သက်၍ ဒုက္ခပေးတတ်သည်။ လုပ်ငန်းထဲ၌ အတိုက်အခံအနည်းငယ် ကြုံရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားမှာ ပန်းခင်းလမ်းပမာသာယာနေ မည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အဖြူရောင်
မကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ဂန္ဓမာပန်းတစ်စည်းဘုရားပန်းကပ်လှူပါ။

အင်္ဂါ
ဝန်ထမ်းဖြစ်ပါက ကိုယ့်အထက်လူကြီးများ၏ မစမှုခံရမည်။ လူသုံးကုန်ပစ္စည်း၊ ဇိမ်ခံပစ္စည်း များဝင်မည်။ လုပ်ငန်းအသစ်များ စတင်လုပ်ဆောင်လျှင် အောင်မြင်မည်။ ငွေကြေးကတော့ အထွက်များနေတတ်သည်။ လည်ချောင်းနှင့်ပတ်သက်၍ ကျန်းမာရေးဂရုပြုရမည်။ မေတ္တာရေးသည်ကား စိတ်ချင်းနီးပြီးလူချင်းဝေးသောကာလမျိုးဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အဖြူရောင်
မကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ ခရမ်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ နှင်းဆီ ၇ ပွင့် မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ခရီးတစ်ခု သွားရမည်။ ယာဉ် ဝင်မည်။ မိတ်ဆွေသူငယ်ချင်းများ ကူညီမစမှုခံရမည်။ အာရုံ ကြော၊ မျက်စိ အားနည်းတတ်သည်။ လုပ်ငန်းနှင့်ပတ်သက်၍ အောင်မြင်မည်။ ပညာရေးက တော့ ခဏတာသည်းခံရမည့်အခါ ဖြစ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားမှာ ဆန္ဒနှင့် ဘဝတစ်ထပ်တည်းမကျ ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်
မကျိုးမပေးသော အရောင် ။ ။ ခဲရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ ရှေ့အရပ်
ယတြာ ။ ။ ပေါက်စီ ၂ လုံး မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
ကုန်သွားသောငွေများ ဆပွားပြန်ဝင်လာမည်။ စိတ်ချမ်းသာစရာသတင်းကောင်းတစ်ခု ကြားရမည်။ ရွှေထည်ပစ္စည်းများ ဝင်မည်။ လုပ်ငန်းကိစ္စများ အဆင်ပြေမည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ဓားတောင်မက မီးပင်လယ်ကိုပင် ဖြတ်နိုင်မည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ ပြောက်ကျား
မကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အနီရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ စံပယ်ပန်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

သောကြာ
လုပ်ငန်းသစ်များ မစတင်သင့်သေးသောကာလ ဖြစ်သည်။ မြေ ဝင်မည်။ ဥစ္စာဓနများပေါများ မည်။ မိမိသင်ကြားလိုသော ပညာများ သင်ကြားခွင့်ရမည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး ဂရုပြုပါ။ အထက်လူကြီးများနှင့် ပတ်သက်၍ စိတ်သဘောထားကွဲလွဲတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားအရာရာလှပနေပါသည်။
အကျိုးပေးသော အရောင် ။ ။ အစိမ်းရောင်၊ အနီရောင်
မကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ အနောက်တောင်အရပ်
ယတြာ ။ ။ ဆီထမင်းကိုမွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
အဓိဋ္ဌာန်ပြုက ထူးထူးခြားခြား အောင်မြင်မည်။ ဥစ္စာဓနများ ပေါများမည်။ သင်ကံကောင်း သောအခါဖြစ်သည်။ ခရီးတစ်ခု သွားရမည်။ လုပ်ငန်းထဲ၌ စိတ်တိုင်းကျမဖြစ်သေးပါ။ မိသားစုထဲ၌ စိတ်ပင်ပန်းစရာကိစ္စရပ်များ ကြုံရတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား မျှော်လင့်လင့်နဲ့ ပေးဆပ်နေရဦးမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
မကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ ပန်းတိမ်ငိုပန်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ