တနင်္သာရီတိုင်းအတွင်း ဟိုတယ်လုပ်ငန်းတွင်အများဆုံး ရင်းနှီးမြှုပ်နှံ

0
442

တနင်္သာရီတိုင်းအတွင်း ရင်းနှီမြှုပ်နှံ မှုလုပ်ငန်းများအနက် ဟိုတယ်လုပ်ငန်းတွင် အများဆုံးရင်းနှီးမြှုပ်နှံကြကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC) စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ လက်ရှိအချိန်ထိ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၃၀ ခုကို လုပ်ကိုင် ခွင့်ပြု(အတည်ပြုမိန့် ထုတ်ပေး)ခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ယင်းခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများ အနက် ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် အတည်ပြုမိန့် ၁၆ ခုကို ခွင့်ပြု ပေးခဲ့သည်။

အဆိုပါ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တွင် ကျပ်သန်းပေါင်း နှစ်သောင်းခွဲခန့် နှင့် အမေရိကန်ဒေါ်လာ လေးသန်းနီးပါး ကို ရင်းနှီးမြှုပ်နှံထားသည်။

“ရေရှည်မှာ ခရီးသွားတွေအတွက် မျှော်မှန်းပြီးတော့ပေါ့နော်၊ ဟိုတယ်လုပ်ငန်းတွေကို အဓိက အများဆုံး လုပ်တာပေါ့”ဟု တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီအတွင်းရေးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

တိုင်းဒေသကြီး TRIC စတင်ဖွဲ့ စည်းချိန်မှ လက်ရှိအချိန်ထိ ခွင့်ပြုခဲ့ သည့် လုပ်ငန်းအရေအတွက် ၃၀ ခု မှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ်သန်း ငါးသောင်းခွဲခန့် ရှိသည်။

ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်းအပြင် ရောင်စုံကွန်ကရစ် တုံးလုပ်ငန်း၊ မှိုင်းခံရော်ဘာလုပ်ငန်း၊ ငါးအမှုန့်ကြိတ် စက်လုပ်ငန်း၊ ရော်ဘာ သစ်အချောထည်လုပ်ငန်း စသည့် လုပ်ငန်းများ ပါဝင်သည်။

တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ(TRIC) က အမေရိကန်ဒေါ်လာ ၅ သန်း(သို့မဟုတ်) ငွေကျပ် သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင်သည်။

Dawei Watch