တစ်ရက်အတွင်း အမျိုးသားသုံးဦး ကြိုးဆွဲချ သတ်သေ

0
898

ပုလော၊ လောင်းလုံးနှင့် ကော့ သောင်းမြို့တို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်က အမျိုးသားသုံးဦး ကြိုးဆွဲချ သတ်သေခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပုလောမြို့တွင် အသက် ၃၇ နှစ် အရွယ် အမျိုးသားက ဓနိတောအတွင်း ကြိုးဆွဲချသတ်သေခဲ့ပြီး ၎င်းမှာ ယခင်က အရက်အလွန်အကျွံ သောက်သုံးလေ့ ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

လောင်းလုံးမြို့တွင် ကြိုးဆွဲချ သတ်သေသည့် အမျိုးသားမှာ အသက် ၂၆ နှစ်အရွယ်ရှိသူဖြစ်ပြီး ၎င်းနေထိုင် သည့်အိမ်၌ပင် ကြိုးဆွဲချသတ်သေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကော့သောင်းမြို့နယ်၊ အော်ကြီး ကျေးရွာအနီး ရော်ဘာခြံအတွင်း ကြိုးဆွဲချသတ်သေသည့် အမျိုးသားမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မြိတ် မြို့နယ် အင်္ဂမော်ကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ကြိုးဆွဲချသတ်သေခြင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းများတွင် သေမှုသေခင်း အမှုများဖွင့်ကာ စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch