ဖုန်းနှင့် ဆက်စပ်ပစ္စည်းများတွင် အခွန်အမှတ်တံဆိပ်မကပ်က ဒဏ်ရိုက် အရေးယူမည်

0
456

လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်း များပေါ်တွင် QR စနစ်ထည့်သွင်းထား သည့် အခွန်အမှတ်တံဆိပ် မကပ်ပါက ယင်းပစ္စည်း၏ တစ်ရာ ရာခိုင်နှုန်းကို ဒဏ်တပ်ရိုက်မည်ဖြစ်ပြီး အကောက် အခွန်မဲ့ပစ္စည်းအဖြစ် မှတ်ယူကာ အကောက်ခွန် ဥပဒေအရလည်း အရေးယူမည်ဖြစ် ကြောင်း ပြည်တွင်အခွန်များ ဦးစီးဌာန က ထုတ်ပြန်လိုက်သည်။

ယင်းအတွက်ကြောင့် ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ ဖုန်း ပြုပြင်ဆိုင် လုပ်ငန်းရှင်များသည် ဖုန်း နှင့်ဆက်စပ် ပစ္စည်းများပေါ်တွင် QR စနစ်ထည့်သွင်းထားသည့် အခွန်အမှတ် တံဆိပ်များကို ကပ်နိုပ်ရောင်းချရမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ကုန်တွင် စတင်စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

QR စနစ်ပါသော အခွန်အမှတ် တံဆိပ်ကို ဖုန်း၊ ဆက်စပ်ပစ္စည်း၊ ဝန်ဆောင်မူ(ဘောင်ချာတွင် ကပ်သည့် အခွန်အမှတ်တံဆိပ်) ဟု သုံးမျိုး ခွဲခြားကာ လုပ်ငန်းရှင်များကို ထုတ်ပေးသွား မည်ဖြစ်သည်။

ထားဝယ်မြို့နယ်အတွင်းရှိ ဖုန်း ဆိုင်လုပ်ငန်းရှင် ခုနစ်ဆယ်နီးပါးကို ထားဝယ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနသို့ခေါ်ယူကာ အထက်ပါ အခွန် ဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး ရှင်းလင်း ပွဲတစ်ခုကို ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ဖုန်းနှင့်ဆက်စပ်ပစ္စည်းများတွင် အခွန် အမှတ်တံဆိပ်ကပ်နှိပ်ရမည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနက ထုတ်ပြန်ခဲ့သော် လည်း မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင် များအသင်းက မေတ္တာရပ်ခံသဖြင့် ဒီဇင်ဘာလသို့ ပြောင်းလဲဆောင်ရွက်ခဲ့ သည်။

ယခုထုတ်ပြန်ချက်တွင် ဥပမာအား ဖြင့် တရုတ်နိုင်ငံထုတ်ဖုန်းနှင့် ဆက်စပ် ပစ္စည်းတွင် ကပ်နှိပ်ရမည့် အခွန်အမှတ် တံဆိပ်ခေါင်းကို ကိုရီးယားနိုင်ငံထုတ် ဖုန်းနှင့် ဆက်စပ်ပစ္စည်းတွင် ကပ်နှိပ် ခွင့်မရှိကြောင်း ဦးသက်ချိုက ရှင်းပြသည်။

ယင်းအချက်သည် ဖုန်းဆိုင်လုပ်ငန်း ရှင်များအတွက် အခက်အခဲဖြစ်စေ ကြောင်း ထားဝယ်မြို့နယ် မိုဘိုင်းဖုန်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရန်ပိုင်က ထောက်ပြခဲ့သည်။

“ထပ်တိုးလာတဲ့ဟာတစ်ခုက ဖုန်း တစ်လုံးကို QR ကုတ်ဖတ်လိုက်တာနဲ့ အဲဒီဖုန်းမှာ ကပ်ထားတဲ့ တံဆိပ်ခေါင်းက ကုမ္ပဏီ မတူတဲ့ဟာ ဖြစ်နေမယ်ဆိုရင် (တရုတ်ဖုန်းတွင် ကပ်ရမည့် တံဆိပ် ခေါင်းကို ကိုရီးယားဖုန်းတွင် ကပ်ထား ပါက) ဆိုင်သမားတွေကို ဒဏ်ရိုက်မယ် ဆိုတဲ့ဟာက လွဲနေတယ်ပေါ့နော်”ဟု ၎င်းက ဆိုသည်။

ဖုန်းနှင့် ဆက်စပ်ပစ္စည်း ဝယ်ယူ မည့်သူများကိုလည်း သတ်မှတ်ထားသည့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသည့် ပစ္စည်းများသာ ဝယ်ယူရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာန ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ကျော်သူစိုး