တိုင်းအဆင့် မသန်စွမ်းအသင်း မတ်လကုန် ဖွဲ့မည်

0
357

တနင်္သာရီတိုင်းဒေသကြီး မသန်စွမ်းအသင်းကို မတ်လကုန်ပိုင်းတွင် ဖွဲ့စည်း မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ကိုယ်အင်္ဂါ မသန်စွမ်းအသင်း၏ စည်းရုံး ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ဦးထွန်း ဝင်းအောင်က ပြောသည်။

တိုင်းဒေသကြီးအသင်းကို မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအောက်တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသင်းဖွဲ့စည်းပြီးပါက မသန်စွမ်း အခွင့်အရေး မြှင့်တင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်ပြီး ဥပဒေ ကြောင်းအရ အစိုးရနှင့် ပူးပေါင်းဆောင် ရွက်ရန် စသည့်အချက်များ ညှိနှိုင်းလုပ် ဆောင်မည်ဖြစ်ကြောင်း ဦးထွန်းဝင်း အောင်က ပြောသည်။

“ဒီအသင်းပေါ်လာရင် အသင်းရဲ့ လုပ်ဆောင်ချက်နဲ့ တိုင်းတွင်းက မသန်စွမ်းတွေရဲ့လိုအပ်ချက်တွေ ကို ထဲထဲဝင်ဝင် ကူညီဆောင်ရွက်နိုင်ရေး အတွက်ပေါ့”ဟု ဦးထွန်းဝင်းအောင်က ဆိုသည်။

တိုင်းဒေသကြီးမသန်စွမ်းအသင်း ကို ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး မသန်စွမ်း ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံ လိုက အသက် ၂၄ နှစ်မှ ၇၅ နှစ်အတွင်း ကိုယ်တိုင်မသန်စွမ်းဖြစ်ရမည့် သတ်မှတ်ချက်များရှိကြောင်း ဦးထွန်းဝင်းအောင်က ပြောသည်။

ဉာဏ်ရည်မသန်စွမ်းသူဖြစ်ပါက ၎င်း၏ မိဘများက ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခွင့်ရှိကြောင်း ၎င်းကဆိုသည်။

ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံလိုပါက မသန်စွမ်းကိုယ်စားလှယ်ရွေးချယ်ရေး ကော်မရှင်အဖွဲ့ဝင်များ ထံတွင် မတ်လ ၁၅ ရက်နောက်ဆုံးထားကာ လျှောက်လွှာထုတ်ယူ နိုင်ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်အဆင့် မသန်စွမ်း အသင်းကို အခြားတိုင်းနှင့်ပြည်နယ် အများစုတွင် ဖွဲ့စည်းပြီးဖြစ်ကာ လက်ရှိ တွင် တနင်္သာရီတိုင်း၌ ဖွဲ့စည်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုဇော်