ရွှေသာလျောင်းဘုရားကြီးသို့ ရေယာဉ်ဖြင့် အခမဲ့ပို့

0
408

မြိတ်မြို့မှ တစ်ဖက်ကမ်းရှိ ပထက် တောင် အတုလရသီရွှေသာလျောင်း ဘုရားကြီးသို့ သွားရောက်ကြသည့် ဘုရားဖူး ဧည့်သည့်များအား ဖေဖော်ဝါရီ လ ၁၈ ရက်မှစပြီး ရေယာဉ်တစ်စီးဖြင့် အခမဲ့ စတင်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း ရွှေသာလျောင်းဘုရားကြီး ဂေါပကအဖွဲ့ ထံမှ သိရသည်။

မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဆိပ်ငယ်ဘောတံတားမှ နေ့စဉ် မနက်ပိုင်း သုံးခေါက် (အသွားအပြန်)နှင့် မွန်းလွဲပိုင်းတွင် သုံးခေါက်(အသွားအပြန်) ပို့ဆောင် ပေးနေကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

အဆိုပါ ဘုရားဖူးရေယာဉ်ကို ပြည့်ဖြိုးထွန်းကုမ္ပဏီက လှူဒါန်းထားပြီး ရေယာဉ်ကြံ့ခိုင်မှုအား ရေရှည်ထိန်းသိမ်း ပြုပြင်နိုင်ရန်အတွက် ဘုရားဖူးဧည့်သည်များက စေတနာအလျောက် လှူဒါန်း နိုင်မည့် အလှူခံပုံးအား ရေယာဉ်ပေါ်တွင် ထားရှိပေးထားကြောင်း သိရသည်။

Dawei Watch