အမျိုးသားတစ်ဦး တူမီးသေနတ်ဖြင့် ပစ်သတ်ခံရ

0
474

တနင်္သာရီမြို့နယ်တွင် နိုဝင်ဘာလ ၁၄ ရက်က အမျိုးသားတစ်ဦး တူမီးသေနတ် ဖြင့် ပစ်သတ်ခံရကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တကူကျေးရွာနှင့် ငါးမိုင်ကျော် အကွာလှည်းလမ်းပေါ်တွင် အသက် ၅၀ နှစ်အရွယ် အမျိုးသားကို တူမီးသေနတ် ကျည်မှန်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ရဲမှတ် တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ အမျိုးသား၏ ဇနီးဖြစ်သူက နိုဝင်ဘာလ ၁၅ ရက်တွင် ရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

Dawei Watch